Ch-2

1.9K 195 6
                                    

Unicode

(zawgyi below)

Jaehyun 's POV

"ကူးပြီးရင်ပြော"

ဘာပြောမလဲလို့စောင့်လိုက်ရတာ

ပြောလိုက်တော့လည်းအကြီးကြီးကိုပြောချလိုက်တာပဲ

နားမလည်တဲ့တွက်စာတွေကိုကျနော်တို့လည်းအားရပါးရကူးကြတာပေါ့လေ

ကျနော့်အတွက်တော့ ဂဏန်းလေးတွေ ကိုးယိုးကားယား ကနေသလိုပါပဲ

အမှန်တော့ တက္ကသိုလ်မှာ နားမလည်ဘူးလို့ပြောခွင့်ရှိသလို ပြောလို့မရတဲ့အခါတွေလည်းရှိတယ်။

ဒါပေမယ့်အခုဆရာက မျက်နှာကအစ အတည်

အကြည့်က စူးရှလွန်းတယ်။

အတည်မျက်နှာနဲ့ စူးရှတဲ့အကြည့်တွေပေါင်းလိုက်တော့ ကျနော်လိုမကြောက်တတ်တဲ့သူတောင်ခပ်လန့်လန့်

တစ်ပုဒ်ပြီး တစ်ပုဒ်ဖျက်လိုက် တွက်လိုက် ကျနော်တို့ကလည်း ကူးလိုက်နဲ့-----

နောက်ဆုံးမှာတော့ တချိန်ပြီးသွားလေရဲ့။

ခေါင်းတွေလည်းချာချာလည်မူးပြီး ကိုယ့်ကိုကိုယ်လည်းကံမကောင်းလိုက်တာလို့တွေ့မိတယ်။

ဒီလိုဆရာမျိုးရဲ့အခန်းမှာမှ တပည့်ဖြစ်ရတယ်လို့

******************

အိမ်ပြန်ရောက်တော့ကျောင်းမှာအသေအကျေကူးလာသမျှကိုစားပွဲပေါ်မှာတင်ပြီးလက်ပိုက်ထိုင်ကြည့်နေတယ်။

ဘာမှနားမလည်တော့ဘာလုပ်ရမှန်းလည်းမသိဘူးလေ။

အဲ့တော့လက်ပိုက်ထိုင်ကြည့်ရုံကလွဲရင်ကျနော့်မှာလုပ်နိုင်တာဘာမှမရှိ။

"တက္ကသိုလ်မှာစာမလိုက်နိုင်လို့ကတော့ငါမင်းကိုကျောင်းထုတ်မှာ"

တက္ကသိုလ်ဝင်တန်းပြီးကတည်းကအေးစက်လာတဲ့အမေ့ရဲ့စကားတွေကြောင့် ကျနော်နားမလည်တဲ့ သင်္ချာကလည်းကျနော့်အတွက်သေတွင်းကြီးတခုလိုပဲ။

ဘာတွေရေးထားမှန်းမသိ ဘာတွေတွက်ထားမှန်းမသိတဲ့စာအုပ်ကိုကျနော်ပိတ်လိုက်ပြီးအိပ်ရာပေါ်ကိုဒိုင်ဗင်ထိုးပြီးပြေးဝင်လိုက်တယ်။

အရမ်းချစ်ခဲ့ဖူးသည် (အရမ်းချစ်ခဲ့ဖူးသည်)Where stories live. Discover now