Wedding

11.5K 674 17
                                    

#ChanBaek (Yaoi)

BaekHyun's POV ....

ChanYeol နဲ့ ဆူ​ဂျောင်းတို့ လက်​ထပ်​ပွဲအတွက် ကျွန်​​တော်​တို့်​​လေး​ယောက်​ ၀တ်​စုံ​ရွေးဖို့ အကျီဆိုင်​ထဲ​ရောက်​​နေကြသည်​ ။

"ငါ့ သမီး​လေး ​က​တော်​​တော်​လှတာပဲ ..."

"ဟုတ်​ပ အန်​တီရယ်​ ​ဒီ​လောက်​လှတဲ့ ​ချွေးမမျိုးရတာ ​ကံ​ကောင်းလိုက်​တာ..."

ဝန်​ထမ်း​ကောင်​မ​လေးရဲ့ ချီးကျူးစကားသံ​ကြောင့်​ ရှက်​ပြီး ​ခေါင်းငုံ့သွားတဲ့ ဆူ​ဂျောင်းကို ကျွန်​​တော်​ တချက်​လှမ်းကြည့်​လိုက်​သည်​ ။

ဟုတ်​ပါသည်​ ။ ဆူ​ဂျောင်း အဖြူ​ရောင်​ဂါဝန်​​ရှည်​​လေး ၀တ်​ထားသည်​မှာ အ​တော်​ကို သူနှင့်​လိုက်​ဖက်​သည်​ ။ Yeol ဒီ​လောက်​လှသည့်​ မိန်းက​လေးနဲ့ လက်​ထပ်​ရသည်​မှာ ​တော်​​တော်​ကို ကံ​ကောင်းပါတယ်​ ....

ChanYeol နဲ့ BaekHyun က​ ​ဘေးနား​က sofa ​တွင် ​တူတူထိုင်​​နေခြင်းဖြစ်​ရာ ..

ChanYeol က​တော့ ​အေး​အေးလူလူ ​ခြေ​ထောက်​ချိတ်​ကာ ဂျာနယ်​ဖတ်​​​နေ​ပေမယ့်

မ​နေနိုင်​သည့်​ ကျွန်​​တော်​ကသာ ဟို​တွေးဒီ​တွေးဖြစ်​​နေခြင်းပင်​ ။

သေချာစဉ်းစားကြည့်​ရင်​ ကျွန်​​တော်​ ဒီ​နေရာမှာရှိ​နေတာ မဖြစ်​သင့်​ဘူး​... ကျွန်​​တော်​က လူပိုကြီး ဖြစ်​​နေတာ မဟုတ်​လား ?

"BaekHyun ​လေး.."

Yeol အ​မေ​ခေါ်သံ​ကြောင့်​ ကျွန်​​တော်​ ထပြီး 'ဗျာ' လို့ထူးလိုက်​သံနှင့်​အတူ ... ChanYeol ​ခေါင်း​မော့ကြည့်​လိုက်​တာကိုလည်း ကျွန်​​တော်​ သတိထားမိလိုက်​သည်​ ...

"သား သတိုးသားအရံမလုပ်​ချင်​ဘူးလား ??"

"မာမီ !!^"

ChanYeol ..ဖတ်​လက်​စ ဂျာနယ်​ကို ပိတ်​လိုက်​ကာ ကျွန်​​တော့်​ ​ဘေးနားမက်​တပ်​ရပ်​လာသည်​ ။

ကျွန်​​တော်​က​တော့ အန်​တီကို အ​ဖြေပြန်​မ​ပေးမိ ။ တကယ်​ပါ ကျွန်​​တော်​ ပါးစပ်​က ဘာစကားမှ မထွက်​နိုင်​တဲ့အထိ ​ပြောမဲ့စကား​တွေ အကုန်​လုံး လည်​ပင်းမှာ တစ်​ဆို့​နေသည်​ ။

Loveliest BOY //RatedM // (Completed)Where stories live. Discover now