အချစ်​နှင့်​တည်​​ဆောက်​မည့်​ အိမ်​(အပိုင်း၁၀)

1.5K 122 8
                                    

အချစ်​နှင့်​တည်​​ဆောက်​မည့်
                                    အိမ်

မနက်​ဖြန်​ seoulပြန်​​တော့မှာပါ။ ​sooအရမ်း ငြိမ်​​နေတယ်​။ကျွန်​​တော်​အနားလည်း သိပ်​မကပ်​ဘူး။အမြဲတမ်း သွက်​လက်​ ​နေတဲ့ သူက ဒီလို ငြိမ်​​နေ​တော့ ကျွန်​​တော်​ မ​နေတတ်​ဘူး။sehun sooကို ​ချော့ရန်​ အခန်းထဲ ဝင်​လာသည်​။

'​soo´

'ရှင်​´

'အရမ်း ငြိမ်​​နေတယ်​​။ ဘာလို့လဲ ​soo´

^ကိုကို ​မေးရက်​တယ်​^

soo ဟန်​​ဆောင်​ပြုံးကာ

ိ့'ကိုကို လည်း အလုပ်​လုပ်​​နေတာ ဆို​တော့ ​soo အလုပ်​ရှုပ်​​နေမှာဆိုးလို့ပါ´

'​soo ကိုယ့်​ကို စိတ်​​ကောက်​​နေတာမလား´

Sehun soo​ဘေးမှာ ဝင်​ထိုင်​လိုက်​သည်​။

'​soo စိတ်​​ကောက်​​နေရင်းလည်း ​ပြေပါ​တော့။ မင်း စိတ်​​ကောက်​ရင်​ ကိုယ်​​မ​နေတတ်​ဘူး။´

Soo sehunကို ​မော့ကြည့်​လာသည်​။sehun,sooကို ဖက်​ထားကာ

'ကိုယ့်​ မင်းကို ချစ်​​နေမိပြီ ထင်​တယ်​ ​soo´

'ရှင်​!´

Sehun soo၏ ဆံပင်​ကို မြတ်​နိုးစွာ နမ်းသည်​။မူး​မေ့​စေ​သော အနမ်းတို့ ​နွေး​ထွေးစွာ ဖူးပွင့်​ကြသည်​။

ည​ရောင်​ မလွှမ်း​သေးပဲ အ​မှောင်​ကျသွားသည့်​ အခန်း​လေးထဲမှာ ရင်​ခုန်​သံ​တွေ ထပ်​တူ ညီခဲ့ကြ၏။

<><><><><><><><><><><><><><><><><>

'ကလင်​......ကလင်​........ကလင်​.....´

'ဟဲလို ​´

'ကျွန်​​တော်​ chenပါ။ ​​´

'ဟုတ်​ကဲ့ သခင်​​လေး´

'omma​ ဒီ​နေ့ ​ဆေးခန်း လာရမဲ့ ရက်​ချိန်း ရှိတယ်​။ ကျွန်​​တော့ မ​ပြောခဲ့မိလို့။ ​omma​ ​ပြော​ပေးပါ။ ​နေလည်​ ၂နာရီ အ​ရောက်​ လာရမယ်​လို့´

'ဟုတ်​ကဲ့ သခင်​​လေး။ ကျွန်​မ ​ပြောလိုက်​ပါ့မယ်​´

Chen ဖုန်းချသွား​သော အခါ ​​ Tao​ ကို သွား​ပြောသည်​။Taoလည်း​​ ပြင်​ဆင်​ပြီ ​ဆေးရုံကို ထွက်​ခဲ့သည်​။Tao ကျန်းမာ​ရေး စစ်​​ဆေးပြီchenဂျူတီ မပြီ​သေး​သော​ကြောင့်​ ​စောင့်​​နေချိန်​.....

အချစ်နဲ့တည်ဆောက်မယ့်အိမ်Where stories live. Discover now