Part - 3

1K 120 12
                                    

Start writing your story

Part – 3

Start >>>

Kris နဲ့ Kai ကတော့ အခုအထိ ဘာတွေ တွေးနေလဲ မသိပေမယ့် သူတို့ ဘေးနားမှာ ဒီနေ့ အတွက် သူတို့ ချစ်လှပါတယ်ဆိုတဲ့ သူတို့ ချစ်သူ ကောင်မလေးတွေ ရောက်မလာတာကိုတော့ အခုထိ သတိမရသေးတာ အမှန်ပါ သူတို့ ကောင်မလေး တွေ ကျောင်းလား သလား မလာဘူးလားတောင် သူတို့ မသိပါဘူး

ကြည့်ရတာတော့ ရှိသမျှ ရည်းစားတွေ ကို တယောက်မှ သတိမရတာလား ဘာလားဆိုတာတော့ သူတို့ကိုယ်တိုင်တော့ သိမှာပါ

ရည်းစားကလည်း ဒီကျောင်းပဲ ရှိတာ မဟုတ်တော့လည်း သိပ်တော့ မထူးခြားဘူးထင်ပါတယ် ဒါပေမယ့် ထူးဆန်းတာတော့ ထူးဆန်းတာပဲလေ သူတို့ဘေးနားကောင်မလေး ရှိရင်လည်း တခြား အသစ် တယောက်တွေးနေမယ့် သူမျိုးတွေကငြိမ်ပြီး မျက်မှောင်ကျုံ့နေတာဆိုတော့လေ

သူတို့ ကို တယောက်ယောက်က တချိန်းလုံး စိုက်ကြည့်နေတယ်ဆိုတာကိုတော့ သူတို့ မသိဘူးလေ ဘာလို့ဆို သူတို့မှ သတိမထားမိကြတာ သူတို့ သိတာကတော့ ပျောက်နေသူများကို ဘယ်ကိုများရောက်နေလည်း ဆိုတာသာသာ အာရုံထဲရောက်နေတယ်လေ သူတို့ အသိထဲမှာလည်း သူတို့မှားသွားလားဆိုတာတော့ သူတို့ ထင်နေတယ် ဒါပေမယ့် အဲ့ဒါလည်း မသိစိတ်က သိနေပေမယ့် သူတို့ကိုယ်သူတို့ကတော့ အခု လက်မခံသေးဘူးလေ

.....................Turn A Blind Eye ..................

Time Skip >>>>

ညနေ ကျောင်းဆင်းချိန်ရောက်တော့ Kai တယောက် လွယ်အိတ်ကို အမြန်သိမ်းကာ အဆောင်သို့ အမြန်ပြန်လာခဲ့တယ် နောက်မှ Chen အော်ခေါ်တာကိုလည်း မကြား သူ့အာရုံနဲ့ သူသာ ရှိနေခဲ့တယ်

ထို့နည်းတူ Kris တယောက်လည်း လွယ်အိတ်ကို အမြန်ကောက်လွယ်ကာ အတန်းပိုင် ဆရာ ခေါ် ထားသည် ကိုပင်မေ့ကာ ကားပါကင်သို့အမြန်ရောက်ပြီး အိမ်အမြန်ပြန်ရော က်ရေး သူ့ အရေးဖြစ်ခါ အမြန်ပြေးထွက်လာခဲ့လိုက်သည် သူအိမ်ရှေ့မှာ တခုခု ရှိမည်ဟု သူထင်နေသည်လေ

.....................Turn A Blind Eye ..................

Kai တယောက် အဆောင်တခါးကို သော့အမြန်ဖွင့်ကာ ၀င်လိုက်တော့ သူထင်တဲ့အတိုင်း ဟိုအရှုတ်ထုတ်ပြန်ရောက်နေပြီလေ Kai အဆောင်ကို အမြန်ပြေးလာရ၍ မောပန်းလာသည်ကို အခန်းထဲအရောက်မှ သက်ပြင်း ချနိုင်တော့တယ် အိပ်ယာပေါ်လှည်းချလိုက်ရင်း အမော့ဖြေလိုက်တော့ အော် ဒီနေ့ တနေကုန် နေလို့ ထိုင်လို့ မကောင်းတာ လက်စသတ်တော့ ငါအိပ်ယာပေါ် အပန်းဖြေချင်နေတာကိုး အခုမှပဲ နေလို့ ထိုင်လို့ကောင်းသွားတော့တယ် ဟူးးးးးးးးးးးး

Turn A Blind Eye Where stories live. Discover now