ညို့နိုင်လွန်းသူ ....သို့

335 48 34
                                    

"ချစ်တယ်" ဆိုတာထက်
ပိုတဲ့စကားများရှိရင်
ပြောပါရစေ ...။

"တန်ဖိုးထားတယ်" ဆိုတာထက်
လေးနက်တဲ့
အသုံးအနှုန်းများရှိရင်
ဆိုပါရစေ ...။

"မြတ်နိုးတယ်" ဆိုတာထက်
ကျော်လွန်တဲ့
အခိုင်းအနှိုင်းများရှိရင်
ဖွဲ့ဆိုပါရစေ ...။

မရှိတော့ဘူး
ဘာမှမရှိတော့ဘူး
ဒီခံစားချက်တွေကိုမှီမဲ့
စာသားမရှိတော့ဘူး
ကဗျာမမှီ စာဖွဲ့လို့လဲမရနိုင်တော့ဘူး ...။

တကယ်တော့
မြတ်နိုးတန်ဖိုးထားမဲ့ အချစ်တွေနဲ့
စွဲလမ်းရူးသွပ်တယ် ဆိုတဲ့
ခေါင်းစဉ်တပ်ထားတဲ့
ကိုယ်ဟာ...

နတ်သားတပါး
နတ်ဘုရားကဲ့သို့
ပြည့်စုံလွန်းသူရဲ့
အညို့ခံထားရသူ
သာမန်လူသားတစ်ယောက် ...။

ချစ်နေပါရစေ ...
မြတ်နိုးပါရစေ...
တန်ဖိုးထားပါရစေ...
အရှင်နတ်သား ခြေရင်း
ထာဝစဉ် ၀ပ်ဆင်းလို့ ...
စွဲလမ်းစွာဖြင့် ရူးသွပ်ပါရစေ...။

🌹Cuttiehsumindooly


"ချစ်တယ်" ဆိုတာထက်
ပြောပါရစေ ...။

လေးနက်တဲ့
ဆိုပါရစေ ...။

"မြတ်နိုးတယ်" ဆိုတာထက်
ကျော်လွန်တဲ့
ဖွဲ့ဆိုပါရစေ ...။

မရှိတော့ဘူး
ဘာမှမရှိတော့ဘူး
စာသားမရှိတော့ဘူး

တကယ်တော့
ခေါင်းစဉ်တပ်ထားတဲ့
ကိုယ်ဟာ...

နတ်သားတပါး
နတ်ဘုရားကဲ့သို့
ပြည့်စုံလွန်းသူရဲ့
အညို့ခံထားရသူ
သာမန်လူသားတစ်ယောက် ...။

ချစ်နေပါရစေ ...
မြတ်နိုးပါရစေ...
တန်ဖိုးထားပါရစေ...
အရှင်နတ်သား ခြေရင်း
ထာဝစဉ် ၀ပ်ဆင်းလို့ ...

🌹Cuttiehsumindooly

My Precious Little World [Completed]Where stories live. Discover now