Empire of warrior ep-(9)

405 40 7
                                    

မေ့​နေပြီလား​တော့မသိဘူး ဒီ​နေ့အပိုင်းက​တော့ suho တို့ yixing တို့ နန်း​တော်​ထဲဝင်​​တော့မှာ

ဒီ​နေ့မှာဆိုရင်​ kai က suho တို့ yixing တို့ကိုနန်း​တော်​ထဲဝင်​ရဖို့အတွက်​ စီစဉ်​ခဲ့တယ်
ကုန်​သည်​​တွေအ​နေနဲ့ ဝင်​ဖို့အတွက်​ကို kai ဆီမှာ တိုင်းပြည်​​ပေါင်းစုံက ​သေရည်​အိုး​တွေကို စုထားတယ်​ ​(သေရည်​ဆိုတာက​တော့ အရက်​ပါ)
Kai က မင်းမျိုးမင်းနွယ်​​တွေကို ခင်​​အောင်​​ပေါင်းထားတဲ့သူဆို​တော့ သူတို့အကူအညီနဲ့ နန်း​တော်​ထဲ ဝင့်​ခွင့်​ရခဲ့တယ်​​လေ

Kai နဲ့ soo က တစ်​တွဲ yixingနဲ့ suho နဲ့ကတစ်​တွဲ ​သေရည်​အိုး​တွေကို တွန်းလှည်းနဲ့တင်​ပြီးနန်း​တော်​ထဲကို ဝင်​လာကြတယ်

နန်း​တော်​ဝမှာ အ​စောင့်​​တွေက စစ်​​ဆေးပြီး​တော့ ဝင့်​ခွင့်​ရခဲ့တယ်​ အဲ့ဒီအချိန်​မှာ kai နဲ့ခင်​တဲ့ အမတ်​ကြီး taemin က​စောင့်​​နေတယ်

Taemin : kai တို့​ရောက်​ပြီးလား

Kai : nae...

Taemin : မင်းကြီး​စောင့်​​နေပြီးသွားရ​အောင်

Kai : nae

အမတ်​ကြီးtaemin ​နောက်​ကို သူတို့​တွေလည်းလိုက်​သွားခဲ့တယ်
အဲ့အချိန်​မှာ အပျိုထိန်းကြီးက suho ကို​တွေ့​တော့မှတ်​မိတာ​ပေါ့ သူထိန်း​ကျောင်း​လာခဲ့တဲ့သူဆို​တော
အပျိုထိန်းကြီးကို suho ကလည်း​တွေ့ ရှုး ဆိုတဲ့ အမူအရာလုပ်​ပြလိုက်​တယ်​ အိမ်​​တော်​ထိန်းကြီးကလည်း ​ခေါင်းညိမ့်​ပြလိုက်​တယ်

နောက်​​တော့ lee soo man နဲ့ kim yong man တို့​ရောက်​သွားချိန်​မှာ အခစားဝင်​ပြီး​နောက်
Kai က ​သေရည်​​တွေအ​ကြောင်းရှင်းပြ​တော့ ​နေရာအစုံကလာတဲ့ ​သေရည်​​တွေဆို​တော့ lee soo man နဲ့ kim yong man
လည်းစိတ်​ဝင်​စားသွားကြတယ်​ အဲ့ချိန်​က lee soo manက

Lee soo man : ​မောင်​မင်းတို့က ဘယ်​ကလာခဲ့ကြတာလဲ?

ဆို​တော့ yixing ကထ​ဖြေလိုက်​တာ်

Yixing : ဂျို​ဆောင်​ပြည်​ကလာတာပါ

Lee soo man : အဲ့တာဆို ​ရောက်​တုန်း​ရောက်​ခိုက်​ဒီနန်း​တော်​မှာဘဲ အနားယူပြီးမှပြန်​ပါ

Yixing ရဲ့ ဂွင်​ထဲ တည့်​တည့်​ဝင်​​တော့တာဘဲ 
အစကတည်းက yixing ရဲ့ ဗျူဟာက နန်း​တော်​ထဲမှာ အချိန်​အနည်းငယ်​​နေရဖို့ဆို​တော့ ဖြစ်​သွားတာ​ပေါ့

Yixing : မင်းကြီးကို​ကျေးဇူးတင်​ပါတယ်

Kim yong man နဲ့ lee soo man လည်း ​သေရည်​​တွေအကုန်​လုံးကို ဝယ်​လိုက်​တယ်​ ပြီး​တော့ မနက်​ဖြန်​မှာ အမတ်​​တွေအားလုံးနဲ့​ပျော်​ပွဲကျင်းပဖို့ပြင်​ဆင်​လိုက်​တယ်​ yixing တို့ကိုလည်း​နေရာစီစဉ်​​ပေးလိုက်​တယ်

နန်း​ဆောင်​တစ်​​ဆောင်​မှာ ​ယောကျာ်း​လေး​တွေကြီးဘဲဆိုပြီး အတူ​နေခိုင်း​လိုက်​တယ်

********
နန်း​ဆောင်​ထဲလဲ​ရောက်​ပြီး​ရော ​လေး​ယောက်​စလုံး မနက်​ဖြန်​မှာ ကျင်းပမယ့်​​ပျော်​ပွဲရွှင်​ပွဲမှာဘဲ လုပ်​ကြံဖို့အတွက်​တိုင်​ပင်​ကြတယ်

Suho : မနက်​ဖြန်​အတွက်​အကြံရှိတယ်​ အဲ့ဒါက sehun ဆီစာပို့မှဖြစ်​မယ်

Yixing : စစ်​သည်​​တွေ​ခေါ်ဖို့လား

Suho : ဟုတ်​တယ်

Soo : unnie  အချိန်​ရှိပါ့မလား

Suho : ရှိတယ်​ ပွဲကမနက်​ဖြန်​ညမှ ကျင်းပမှာ ဒီ​နေ့ညပို့မှ ရမှာ

Kai : ဘယ်​သူသွားပို့မှာလဲ

Suho : သိပြီ အိမ်​​တော်​ထိန်း

****

Suho နဲ့ yixing လည်း အိမ်​​တော်​ထိန်းရှိမယ်​ထင်​တဲ့ မီးဖို​ချောင်​ကို လာခဲ့တယ်​ အိမ်​​တော်​ထိန်းနဲ့​တွေ့ခဲ့တယ်​..

အိမ်တော်ထိန်း : sui ah...  
ဘာလို့ဒီကိုလာတာလဲ
မိသွားရင်​ ဘယ်​လိုလုပ်​မလဲ?

Suho : မမိ​သေးပါဘူး စိတ်​မပူပါနဲ့ sui ကိုတစ်​ခုကူညီ​ပေးပါ ဒီစာကို ဂျို​ဆောင်းပြည်​နယ်​က မင်းသား sehun ဆီ ပို့​ပေးပါ ညတွင်းချင်းပို့​ပေးပါ

အိမ်​​တော်​ထိန်း : sui အမိန့်​တိုင်းပါ

Suho နဲ့ yixing လည်းနန်း​ဆောင်​ကိုပြန်​လာပြီးမနက်​ဖြန်​ညအတွက်​ တိုင်​ပင်​​နေကြတယ်

************************************

Yay... date. လိုက်​နိုင်​ပြီ
Next ep ကျရင်​ တိုက်​ခိုက်​ရ​တော့မယ်

စောင့်​​နေ​နော်​....♥ ♥ ♥ ♥



Empire Of WarriorWhere stories live. Discover now