Lovelorn Bear

815 73 3
                                    

Lovelorn Bear

Dika one shot

လျှပ်​စီးများ တလက်​လက်​ ထ​နေ​သော မိုး​ကောင်းကင်​ မည်းမည်း
အောက်​တွင်​ ဝတ်​ရုံ အနက်​ကြီးက
ကြောက်​မက်​ဖွယ်​ လွှင့်​​နေသည်​ ...

ထိုဝတ်​ရုံပိုင်​ရှင်​ရှေ့တွင်
ဒူး​ထောက်​လျှက်
ရှိ​နေ​သော လူတစ်​​ယောက်
ထိုလူသား ၏ မျက်​နှာ​ပေါ်တွင်
ကြောက်​လန့်​​သော အမူအရာ အလျဉ်းမရှိ ....

သူ့တွင်​ ​ရောဂါ တစ်​မျိုးစွဲကပ်​​နေ
သော​ကြောင့်​ ထို​ရောဂါကို ကုသ​ပေးမယ့်​ အရာ တစ်​ခုကို လိုချင်
တောင့်​တ​နေ​သော​ကြောင့်​ဖြစ်​သည်​ ...

"မင်း ဒီပန်း​လေးကို စားလိုက်​ "

"ဒီ ပန်း ကို စားလိုက်​ရင်​ "

"မင်း ဖြစ်​​စေချင်​တာ​တွေ
တစ်​ခုချင်း ဖြစ်​လာမှာပါ "

"သူဆီကို သွားလို့ရမှာလား "

"အ​သေအချာ​ပေါ့ ဒီကိစ္စ ကို
ငါ ကိုယ်​တိုင်​ ကူညီိ​ပေးမယ်​ "

"ဘာ​အ​ပေးအယူ ရှိလဲ"

"မလိုပါဘူး .... ငါ ဆပ်​စရာရှိတဲ့
အ​ကြွေး တစ်​ခု ပြန်​​ပေးတယ်​လို့
သိထားလိုက်​ပါ "

"အခု ဒီပန်းကို စားလိုက်​ရင်
ဘာဖြစ်​သွားမှာလဲ "

"စားပြီးရင်​ မင်းပုံ​ပြောင်းသွားမယ်
ကျန်​တာ​တော့ ငါ့ကိစ္စ ထားလိုက်
ဒါ​ပေမယ့်​ မင်းရဲ့ မျက်​လုံးက​နေ
သူ့နှလုံးသား တံခါး​ခေါက်​နိုင်​ဖို့ကြိုးစားပါ "

သူ စားလိုက်​သည်​...
စားပြီး သိပ်​မကြာ​သော အချိန်​အတွင်း အ​မွှေးညိုညို​လေးများ
သူ၏ ခန္ဓာကိုယ်​ မှ ထွက်​လာသည်​ နားရွက်​ ​လေး လည်း ထွက်​လာသည်​ ....

"ရပြီ မင်း အရုပ်​က​လေး ဖြစ်​သွားပြီ .. လာ ... သွားမယ်
မင်းရဲ့ အချစ်​ ဒုက္ခ ကို ကူညီ​ပေးမယ့်​ နှလုံးသား ပိုင်​ရှင်​ဆီ အ​ရောက်​ပို့​ပေးမယ်​ "

ဝက်​ဝံ အရုပ်​က​လေးက​တော့
စကားပြန်​မ​ပြောနိုင်​​တော့....
သို့​ပေမယ့်​ မျက်​လုံးက​လေး က​တော့ အသက်​ဝင်​လျှက်​ ...

XOXO ONE SHOTWhere stories live. Discover now