Friend

42 3 0
                                    

ထို​နေ့မှစတင်​ပြီးသူ အမြဲတမ်း ကျွန်​မနားမှာ ရှိလာတယ်​.......

ကျွန်​မ​ကျောင်း​ရောက်​ချိန်​က​နေ အလုပ်​ပြီးလို့အိမ်​ပြန်​ချိန်​အထိ သူသည်​အမြဲအနားမှာ.......

အမြဲတ​စေလည်း သူ့အ​ကြောင်းကိုကျွန်​မ သိ​စေရန်​​ပြောပြစမြဲ......

သူသည်​ကျွန်​မထက်​နှစ်​နှစ်​ကြီး​ပြီး သရုပ်​​ဆောင်​လုပ်​ရန်​ကြိုးစား​နေ​သော စီနီယာတစ်​​ယောက်​ဖြစ်​သည်​.......

တစ်​​ကျောင်းလုံးက​ဆရာ ဆရာမ​တွေရဲ့ အချစ်​​တော်​သာမက ​ကျောင်းသား​ကျောင်းသူ​တွေအားကျရတဲ့ ထူးချွန်​သူ မိန်းက​လေးတိုင်းသ​ဘောကျ​သောသူ ........

ထိုသို့​သောသူသည်​ ဘာ​ကြောင့်​ကျွန်​မနဲ့သူငယ်​ချင်းဖြစ်​ချင်​ရလဲဆိုတဲအ​ကြောင်းပြချက်​ကိုကျွန်​မမသိပါ.......

             ❄❄❄❄❄❄❄❄

"Hanseo-na ထမင်းစားတဲ့အချိန်​​လေး​တော့စာမကြည့်​ပါနဲ့လား"

အချိန်​ပိုင်းအလုပ်​များနှင့်​ပြည့်​နှက်​​နေတဲ့ကျွန်​မအတွက်​ထမင်းစားချိန်​နဲ့အလုပ်​ပါးတဲအချိန်​သည်​သာစာကျက်​ချိန်​ဖြစ်​သည်​.......

သို့​သော်​သူသည်​ကျွန်​မကိုထမင်းစားချိန်​မှာစာမကြည့်​ဖို့ တစ်​​နေ့ကို အနည်းဆုံး ငါးနာရီ​လောက်​အိပ်​ဖို့​ပြော​နေသူဖြစ်​သည်​.......

"နင့်​အိမ်​စာ​တွေကိုငါကူလုပ်​​ပေးမယ်​​လေ နင်​အခု​တော့ထမင်းကိုဘဲ​သေချာစားလိုက်​ပါ​နော်​"......

"​ဘေးနားက​နေပွစိပွစိနဲ့ဟိုဟာမလုပ်​နဲ့ဒီဟာမလုပ်​မ​ပြောဘဲ​နေလို့မရဘူးလား ငါနားညီးတယ်​"

ကျွန်​မထက်​အသက်​နှစ်​နှစ်​ကြီး​သော်​ငြားလည်းသူရဲ့​ပေါ့​ပေါ့ပါးပါး​ပေါင်းသင်းမှု​ကြောင့်​လား ကျွန်​မရဲ့ ခပ်​ရိုင်းရိုင်းအကျင့်​​ကြောင့်​လား ​တော့မသိ ကျွန်​မသူနှင့်​ရွယ်​တူကဲ့သို့စကား​ပြောသည်​.......

ကျွန်​မကဘဲ​ပေါင်းသင်းလွယ်​လို့လား......

သူကဘဲ​ပေါင်းသင်းတတ်​တာလား မ​သေချာ​ပေမယ့်​ သူနဲ့ငယ်​သူငယ်​ချင်းများကဲ့သို့ရင်းနှီးခဲ့​ပေသည်​.......

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Mar 14, 2017 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

ConditionalityHikayelerin yaşadığı yer. Şimdi keşfedin