အပိုင်း တစ်

13.5K 590 11
                                    

၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်

"ဇေယံမင်းလွင် ………"

roll callစာရွက်ကိုကြည့်လျက်နာမည်ခေါ်ပြီး
သည်ထိ ပြန်ထူးသံမကြားရ။

တတန်းလုံးမှအတန်းသူအတန်းသားများကဖြင့်
တယောက်မျက်နှာတယောက်ကြည့်လို့ အချင်း
ချင်းမျက်စပစ်နေကြသည်။

"ဇေယံမင်းလွင် ဆိုတာဘယ်သူလဲ"

"roll oneပါ တီချယ်"

ဒုတိယတန်းလောက်တွင် ထိုင်နေသော ECမှ ဇေယံမင်းလွင်အားမသိချင်ယောင်ဆောင်ကာ
မေးမြန်းလိုက်သည့်ဆရာမ အမေးကိုလက်
ထောင်လျက်ဖြေလိုက်သည့်အခါ တခန်းလုံးတိတ်တခိုးရယ်သံတွေ အုံးအုံးကျွတ်လို့……

ပေါ်တင်လည်းမရယ်ရဲကြ…ဒုတိယနှစ်ပညာသင်
ကာလတွင် အတန်းတပတ်ခန့်တက်ပြီးသည့်
အချိန် ထိုဆရာမ၏ ဒေါသကြီးပုံအကြောင်း တစေ့တစောင်းရိပ်မိပြီးကြသည်မို့

"roll one ဇေယံမင်းလွင် ကျောင်းစဖွင့်တာ
တပတ်တောင်ရှိပြီကို အတန်းမတက်သေးဘူး
ဆိုတော့ သမီးမှာတာဝန်ရှိတယ် EC"

"ဗျာ အယ် ရှင် တီချယ်"

"ဒီတချိန်ပြီးတာနဲ့ ဖုန်းဆက်လိုက်ပါသူ့ဖုန်း
နံပါတ်သမီးသိမှာပဲမလားကဲ Attendance
ဆက်ခေါ်မယ် .……ချောစုမေ"

"Present Trecher"

ဆက်တိုက်ဆက်တိုက် ခေါ်သွားသော နာမည်တွေကြား EC တစ်ယောက် ခေါင်းသာ
တဗျင်းဗျင်း ကုတ်မိတော့သည်။

အတန်းဝေယျာဝစ္စနှင့်အတန်းသားတို့ကို
ထိန်းဖို့ရာ ECတာဝန်ကို ဂုဏ်ယူဝံ့ကြွားစွာ
ယူခဲ့မိသော်လည်း ကျက်သတုံးဇေယံမင်းလွင်
နှင့် တွေ့မှပင် လက်ရောခြေပါလန်လို့ECနာမ
ကိုစွန့်ကြဲပေးကမ်းလိုက်ချင်စိတ်တဖွားဖွားဖြစ်
ရသည်မှာ ပထမနှစ်ပညာသင်ကာလတည်းက။

ယခုလည်း ဆရာမ အားကြိုးမာန်တက် ရှင်းပြ
နေသော Argumentative writing style
အကြောင်း တလုံးမျှ ခေါင်းထဲမဝင်ပဲ စာသင်ချိန်
မိနစ်၅၀ပြည့်သွားကာ

"Good Bye Teacher , Thank you Teacher"

"EC ဖုန်းဆက်ဖို့မမေ့နဲ့ မနက်ဖြန်ကျောင်းကို
ဆက်ဆက်လာတက်လို့ပြောလိုက်"

ထာဝရ ထက်တရက်Where stories live. Discover now