YUFLရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ကြီးပေါက်
ရောက်သည့် ၁၄ကားရပ်သွားသည့်အခါ ဇေယံ
ဆင်းရမလို မဆင်းရမလို ဝေခွဲမရဖြစ်နေသေး
သည်။
လှည်းတန်းထိဆက်စီးသွားပြီး လှည်းတန်း
တဝိုက်လှည့်လည်သွားဖို့စီစဉ်မိသည်။
ထို့နောက် လတ်တလော အတန်းမှန်မှန်တက်မိ
နေသည့် ကိုယ့်ကိုကိုယ် သိပ်မကျေမနပ်ဖြစ်ကာ
လှည်းတန်းထိဆက်သွားဖို့ဆုံးဖြတ်လိုက်သည်။
ကားပေါ်မှဆင်းမည့်ခြေလှမ်းတွေကို ရုတ်အပြီး
လိမ့်သွားသည့်ကားဘီးနှင့်အပြိုင်ကျောင်းဂိတ်ဝ
ကိုတချက် ဇေယံ ငေးလိုက်မိသည်။
"ဟာ……အစ်ကို ခဏရပ်ရပ် UFLမှာကျနော်
ဆင်းမို့"
"ဟ ခုဏကမှတ်တိုင်မှာရပ်တုန်းက ဘာလုပ်နေ
တုန်း"
မီးပွိုင့်မိ၍ကားတန်းရှည်ပိတ်နေသည်ကို အခွင့်
ကောင်းယူကာ ဇေယံ ဘတ်စ်ပေါ်မှခုန်ဆင်းလို့
အလျင်စလိုလမ်းဖြတ်ကူးလိုက်မိသည်။
လွယ်အိတ်ထဲမှကျောင်းသားကတ်ကိုအလျင်
စလိုထုတ်ပြီး ကပျာကယာကောက်ချိတ်ကာ
ဇေယံ ကျောင်းဝင်းထဲဝင်လိုက်တော့ ရှင်းသန့်
ကရှေ့ခပ်လှမ်းလှမ်းပင်ရောက်နှင့်နေပါပြီ။
ကျောင်းပြေးမည့်အစီအစဉ်သည် ဘာကြောင့်
ရယ်မှန်းမသိ ကျောင်းထဲဝင်ခါနီးသော ရှင်းသန့်
ကိုမြင်သည်နှင့် ပျက်သွားလေသည်။
ဘာကြောင့်လဲ ဆိုသည့် မေးခွန်းတွေခဏထား
ဇေယံ တောင်ဘာကြောင့်ရယ် ရေရေရာရာမသိ
သည်မို့ ယခုတော့ရှင်းသန့်နောက်လှမ်းလှမ်းက
နေသာ အသာကပ်လိုက်လာပါသည်။
ရှင်းသန့် က ကျောပိုးအိတ်အနက်ရောင်ကိုလွယ်
ထားပြီးအောက်သို့တရွတ်တိုက်ဆွဲကျမနေ
သောပုဆိုးအပြာရင့်အကွက်စိပ်စိပ်ကိုဝတ်ထားကာ အပေါ်မှတော့ ရိုးရာမပျက်
်အဖြူရောင်လည်ကတုံးအင်္ကျီပင်ဖြစ်သည်။
ရှင်းသန့်တော့မသိပေမဲ့ သူ့ကိုကြည့်ရင်း ဇေယံ
တော့ချွေးအတော်ထွက်ချင်ပါသည်။
လမ်းလျှောက်တာကလည်း ယောက်ျားလေးတစ်
ယောက်အနေနဲ့အတော်နှေးသည်ဟုပြော၍
ရသည်။ ဇေယံကျော်မတက်မိသွားအောင် မနည်းထိန်းလျှောက်နေရပါသည်။
