ကြွေ

433 13 2
                                    


ကြွေ

လိုချင်​လို့သူခူး အရူးအမူးချစ်​ပြလို့ငါ့အညှာ ငါ​ခြွေ ငါကိုယ်​တိုင်​​ကြွေ​ပေးခဲ့တာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

...............
လိုချင်​လို့သူခူး အရူးအမူးချစ်​ပြလို့
ငါ့အညှာ ငါ​ခြွေ ငါကိုယ်​တိုင်​​ကြွေ​ပေးခဲ့တာ...
နုပျိုမှုတွေကို တရှိုက်​မက်​မက်​ချွတ်​ယူစားသုံး
သူ​ပြောတဲ့ တစ်​​ထောင့်​တစ်​ညပုံပြင်​​တွေထဲမှာ
မျက်​လုံးကိုစုံမှိတ်​ပြီး အိပ်​စက်​ခဲ့ဖူးတယ်​​လေ....
ထိလွယ်​ ရှလွန်းတဲ့ အသည်းနုနုအူရိုင်း​လေး
အချစ်​အတွက်​ ရမ္မက်​​သွေး​တွေ ဆူပွက်​ခဲ့ရ
နောက်​မှသိလိုက်​ရတာ
သူ ငါ့ဘက်​ လှည့်​မကြည့်​ခဲ့ဘူး....
အရိုးထိ​အောင်​ စူး စူး စူး
သေမတက်​ ငါရူးပြီ
သူ စွန့်​ပစ်​ခဲ့တဲ့ ငါ့ရဲ့ယုံကြည်​မှုတွေ
မျှော်လင့်​ခြင်း​တွေ​ရော ဘာမှမထူး​တော့....
အခု​တော့ ငါဟာ
အရိုး​ခြောက်​​ခြောက်​ အရွက်​ဖားဖားနဲ
အဆုံးမရှိတဲ့ လမ်းမထက်​က ​ကြွေရွက်​​လေး​တွေလို
တန်​ဖိုးမဲ့ ဘဝပျက်​ခဲ့ရပြီ.....

မင်းသု​ဝေ(စိန်​ပန်း​မြေ)

စတုဂံလွင်ပြင်Where stories live. Discover now