လမိုင်းမမိ တဲ့ ပိုး
***************ဘောပင်ကိုင်တယ်......
စာရွက်ကိုလှန်တယ်......
တွေတွေဝေဝေလေးဖြစ်နေသေးတယ်......ကော်ဖီသောက်တယ်......
တစ်ခါ ဘောပင်ကိုပြန်ကိုင်တယ်......
စာရွက်ကို ဘောပင်နဲ့ တဒေါက်ဒေါက်ခေါက်တယ်
လွင့် ခနဲဝေ့ လာတဲ့ အတွေးတစ်စ
(ဟုတ်ပြီဟ)...............
လှလှပပလေးချရေးလိုက်တယ်......
(ဟင်) ငစွေ ငကန်း စကားလုံးအကျိုးအပဲ့တွေ
မဖြစ်သေးဘူး
ခေါင်းတစ်ချက်ခါပြီး ပြန်ခြစ်တယ်......စာရွက်နောက်တစ်ရွက်လှန်တယ်......
ဒီလိုနဲ့ ......ကျွန်မ မျက်လုံးတွေ နေခြည်ပျိုးတဲ့အထိမှေးစက်ဖို့မေ့မျောနေခဲ့ပေမဲ့
ကျွန်မ ရင်ဘတ်ကြီးကတော့
အကာအရံမရှိတဲ့ လေဟာနယ်ထဲမှာ
ကျွန်မစိတ်ကိုလုခြုံပြီး တုံးလုံးထိုးအိပ်နေလိုက်ပုံများ
ပြောရရင်လေ......အဟုတ်ပဲသိလား
သူ့သား မယားကောင်းသားကောင်းရသွားလို့
စိတ်အေးလက်အေးနဲ့ နှပ်နေတဲ့ ယောက္ခမကြီးလို......
(ဟင်း) သေချာတယ်......
ဒီညလည်း ကျွန်မ ပိုးလေး လမိုင်းမမိသေးဘူး......ဝိုင်းဝိုင်း
ဲ
YOU ARE READING
စတုဂံလွင်ပြင်
Poetryမင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ