🚶 လူ🚶

97 7 3
                                    

စတုဂံလွင်ပြင် -၄-

🚶 လူ🚶

.............

ကိုယ့်ကိုပြန်ငုံ့ကြည့်ဖို့
မေ့နေတတ်ကြတဲ့
သူတွေ.....

အတ္တကိုကျောမှာပိုးပြီး
အတ္တကင်းဖို့ကြွေးကြော်နေတဲ့
သူတွေ....

မကောင်းမှန်းသိတဲ့
လောဘကိုဖက်တွယ်တတ်ကြတဲ့
သူတွေ...

မာန်တဖွားဖွားနဲ့
အမှောင်ထုထဲမြင်နေသည်ဟုပြောတဲ့
သူတွေ.....

ပေးဆပ်ခြင်းထက်
ရယူလိုခြင်းကအလေးသာတဲ့
အချစ်မျိုးနဲ့ပူလောင်နေတတ်ကြတဲ့
သူတွေ....

ဒီလိုနဲ့
ကိုယ့်ကိုပြန်ငုံ့ကြည့်ဖို့
မေ့ပစ်လိုက်ကြတဲ့
သူတွေ.....

Snow Hninn
22 Feb 2017
11:05pm

စတုဂံလွင်ပြင်Where stories live. Discover now