Part-2

2.6K 163 1
                                    

ဒီလိုနဲ့ တစ်လလောက်ကြာသွားတော့ မာယာနဲ့ ရှင်းသန့်တို့ လက်ထပ်ကြတော့မည်။

မာယာ အလှပြင်နေချိန် မျက်လုံးဝိုင်းဝိုင်းလေးမှာ မျက်ရည်များစို့၍ ပါးပြင်ပေါ်မကျလာအောင် မနဲ ထိန်းယူနေရသည်။

သိက္ခာလဲ မာယာရဲ့ အလှပြင်ခန်းထဲ ဝင်လာပြီး မာယာနားရောက်လာသည်။

"သိက္ခာ "

မာယာလဲ သိက္ခာကို မြင်တော့ မျက်ရည်လေးများမထိန်းနိုင်ပဲ ကျလာမိသည်။

သိက္ခာလဲ မာယာပါးပြင်ပေါ်က မျက်ရည်တွေကို မြင်တော့ သူလဲ သက်ပြင်းလေးတစ်ချချနဲ့ပေါ့

" မာယာ မငိုနဲ့တော့ ငါနင့်အတွက် လက်စားချေပေးမယ် "

"သိက္ခာ နင်ဘာတွေလျှောက်လုပ်မလို့
လဲ "

" စိတ်မပူပါနဲ့ ဟာ ငါစဉ်းစားထားထားရှိပါတယ် "

သိက္ခာရဲ့ စကားကို ကြားလိုက်ရသောကြောင့် မာယာ စိတ်ပူသွားရသည်။

သိက္ခာက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းလဲ ဖြစ်သလို မောင်နှမတွေလို နေလာကြတော့ သိက္ခာ တစ်ခုခု ဖြစ်မှာကိုလဲ စိုးရိမ်မိသည်။

"မာယာ အဲ့ဒါဆို ငါသွားတော့မယ် "

" ဘယ်သွားမှာလဲ ဟ ငါနဲ့အတူမနေတော့ဘူးလား "

"ငါ အဲ့ကောင်ကို တွေ့ရင် ဆွဲထိုးမိမယ်ထင်တယ်"

"သိက္ခာကလဲ ဟာ နင်မရှိရင် ငါအားငယ်လို့ပါ "

မာယာ ဘယ်လောက်ပဲပြောပြော သိက္ခာကတော့ ရှင်းသန့် မျက်နှာကို မမြင်ချင်၍ မြန်မြန်ပဲ ထွက်သွားလိုက်သည်။

မာယာလဲ သိက္ခာ ထွက်သွားတဲ့ နောက်ကျောကို မြင်ပြီး ပိုပြီး အထီးကျန်ဆန်လာသည်။

သိက္ခာနဲ့ ထပ်မတွေ့ရမှာစိုးတဲ့ စိုးရိမ်စိတ်တွေက သူမကို ဖုံးလွှမ်းနေသည်။

သူမဘဝမှာ ပထမဦးဆုံး သူမရဲ့ အချစ်ဆုံး ယောက်ျားလေး သူငယ်ချင်းပင်ဖြစ်သည်။

ထို့ကြောင့် သိက္ခာနဲ့ ဝေးသွားရမလားဆိုတဲ့ အတွေးတွေက သူမကို ပို၍အထီးကျန်စေခဲ့သည်။

အဲ့လိုနဲ့ပဲ မင်္ဂလာပွဲကြီး ပြီးဆုံးသွားတော့ မာယာ ရှင်းသန့်အိမ်ကိုလိုက်သွားရသည်။

အဆုံးသတ်Where stories live. Discover now