နားလည်ခြင်းထဲမှာ သံယောဇဉ်တွေပေါင်းထည့်ကြည့်

85 8 0
                                    

နားလည်ခြင်းထဲမှာ
သံယောဇဉ်တွေပေါင်းထည့်ကြည့်
_____________________________

နားလည်ခြင်းထဲမှာ သံယောဇဉ်တွေပေါင်းထည့်ကြည့် _____________________________

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ရင်ဘတ်ထဲမှာ တိတ်ဆိတ်သွားတယ်

သူပစ်လိုက်တဲ့ ဗုံးက
နှလုံးသားကို စင်တယ်

ဗရပွဖြစ်သွားတဲ့ အသားစတစ်ချို့မှာ

မယုံကြည်နိုင်ခြင်းတွေနဲ့အတူ
ငါ လဲကျသေဆုံးသွားတယ်..။

ကဲ...ဘာပြောဦးမှာလဲ.
ဝတ္တရားထက် ပိုကောင်းတဲ့စကားလုံးနဲ့

ဟော့ဒီက နှလုံးသားတစ်စုံကို
လောင်ကြေးလာထပ်တယ်
မင်းအတွက်
အမြတ်မျုားများလည်း ကျန်ပါတယ်..

ခင်တွယ်ပြတဲ့ .
အကျိုးတရားထဲမှာသာ
အဖိုးအခအနေနဲ့..
ငါ့ရင်ဘတ်ပုပ်သိုးပေးခဲ့ရတာလောက်ပဲ
ရှိပါတယ်..။

မှိုတက်သွားတဲ့ ကတိတွေအတွက်
နင် လေသံကျယ်ကျယ်နဲ့ပဲ
အခြေအနေနဲ့ အချိန်အခါကို
လိုက်ပြီးပြောင်းလဲ သွားတတ်ကြတာပဲလို့
ငါ ကြားသိလိုက်ရတော့

မင်းကို
နားမလည်နိုင်လောက်တဲ့
ပုံပြင်တစ်ခုလိုမျိုး
ငါ အခါခါထပ်ဖတ်နေခဲ့မိတယ်။

မင်းအတွက်
ငါ ဘယ်လောက်လွဲပေးထားသလဲ
နားလည်တတ်မယ်ဆိုရင်
သံယောဇဥတွေကိုပါ ထပ်ပေါင်းပြီး
အနာဂတ်ထဲမှာ
ငါ့ နောက်ကျောကို
ကောင်းကောင်း စိတ်ရှိလက်ရှိ
ဓားနဲ့ထိုးနေလို့ ရပါတယ်ကွယ်။

March6.2017
Minsetwai

စတုဂံလွင်ပြင်Where stories live. Discover now