*ဇာတ်သိမ်းပိုင်း*

6.2K 536 102
                                    

"ဆဲဟွန်း ထတော့ ..
ကိုကိုတို့ဘုရားကျောင်းသွားရတော့မယ်လေ .."

မိမိကိုအဝတ်လုံးသဖွယ်ဖက်ထုပ်ထားသောဆဲဟွန်းရင်ခွင်ထဲမှ ဂျောင်ဆူး ဆဲဟွန်းမေးစေ့ကိုခပ်ဖွဖွနမ်းကာနှိုးလိုက်သည်.. ။

"အင်.. ကိုယ်အိပ်ချင်သေးတယ်.."

"မရဘူးကွာ ထတော့ ဆိုနေ ! သည်နေ့ ဖာသာခရစ်က မင်းမလာရင်အိမ်ထိလိုက်လာမှာတဲ့နော်"

ဘုရားကျောင်းသွားရမှာအလွန်ပျင်းလွန်းသော အိုဆဲဟွန်းကို ဤကဲ့သို့ပဲသူကြောက်သော ဖာသာခရစ်နှင့်သာခြိမ်းခြောက်ရသည်.. ။ တစ်ခုခုဆို စကားအရှည်ကြီးရှင်းပြောကာနားလည်သည့်တိုင်အောင် ပြောတတ်သောဖာသာခရစ်ကိုတော့ဆဲဟွန်းကြောက်သည်လေ .. ။ အိုဆဲဟွန်းဆိုတာက ကျောပူတာသာခံနိုင်မယ် နားပူတာမခံနိုင်ဘူးဆိုသောလူစားမျိုး.. ။

"အား... ထပြီကွာ .. "

ဆဲဟွန်းစိတ်ပျက်လက်ပျက်နှင့် ထထို်င်ကာ မျက်လုံးမဖွင့်ပဲ ပွနေသောဆံပင်တွေကိုရှင်းအောင်လုပ်နေသည်လား ၊ ဖွနေသည်လားမပြောတတ် ကျိန်းသေတာတော့သူ့ဆံပင်ကငှက်သိုက်နှင့် နင်လားငါလားပင်.. ။

"ဒါကဘယ်လဲ ?"

သူထလိုက်သည်နှင့်တပြိုင်နက်မီးဖိုချောင်ကိုသွားရန်ပြင်နေသော ဂျောင်ဆူးကိုအလိုမကျဟန်မျက်မှောင်ကြုတ်မေးလိုက်သည်.. ။ အရေးကြီးသောအရာတစ်ခုကိုဂျောင်ဆူးမေ့နေပေပြီ ။

"အောင်မလေး ကိုယ်တော်လေးရယ် ..
မမေ့ပါဘူးဗျာ ! "

ဂျောင်ဆူးပြောပြောဆိုဆိုနှင့် နှုတ်ခမ်းလေးတမင်ဆူကာမော့ပေးထားသော ဆဲဟွန်းနှုတ်ခမ်းလေးကိုနမ်းလိုက်လေသည်.. ။

"အရမ်းချစ်တယ်သိလား .. "

နံနက်ခင်းတိုင်းပြောနေကြစကားတစ်ခွန်းကို မငြီးမငွေ့ပြောလေတော့ သကြားဆမ်းပြီး ပျားရည်သုတ်ထားသည့်ရုပ်လို.. ဒင်းရုပ်ကလေးဟာဆိုရင်လေ ..။

ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေသော ဆဲဟွန်းသူ့ကိုငုံ့နမ်းသောဂျောင်ဆူး၏ဝဲဘက်ရင်အုံကိုမြင်လိုက်သည့်အခါ ဝမ်းနည်းသွားသလိုပင်.. ။

Do I Kill For You ? ||Dika Completed ||Onde histórias criam vida. Descubra agora