**၅၂၈ အလွမ်း**
84 9 0
**၅၂၈  အလွမ်း**
လက်ဝါးဖြန့်လိုက်တိုင်း ရောက်လာတဲ့
အစိမ်းရောင်  အနီရောင်ခြင်္သေ့အပေါင်းတို့...
သင်တို့ဟာ
ဖေဖေ့ရဲ့ ခွန်အားတွေဖြစ်သလို
ချွေးစက်အနန္တတွေလည်းဖြစ်ပေရဲ့
အမေ့ခေါင်းက  ဆံပင်ဖြူလွလွတွေဖြစ်သလို့
ဲ့အိပ်ရေးပျက်ညတွေလည်း ဖြစ်လေရဲ့။့
ပညာရှိလူသားတစ်ယောက်ဖြစ်ဖို့
သူတို့ရဲ့ပေးဆပ်မှု ကိုဖော်ကြူးနှိုင်းယှဉ်လိုက်ဖို့ရာ
ဘယ်မှာလည်း စကားလုံး
ဘယ်မှာလည်း  ပေလွှာချပ်
ကျွန်မ ရှာမတွေ့ဘူး
ရှာမတွေသေးဘူးကွယ်……။
မြို့ပြလမ်းကွေ့မှာ
ညှော်နံ့ဝနေတဲ့  စိတ်တွေယောင်ကိုင်းထ
ဝမ်းမီတစ်နပ်စာ ဘုစုခရုနဲ့
ကမ္ဘ္ဘာကြီးလည်း အပူနာထနေခဲ့ပြီဖေဖေ……။
လွမ်းတယ်
အဲ့ဒီအပြုံးပွင့်တွေလှိုင်လှိုင်ပေါတဲ့
မေမေ့ရဲ့တောရွာလေးကိုလွမ်းတယ်…
လရောင်ဆမ်းတဲ့ညများစွာထဲက               
လျော့ရဲတိုးလျနေတဲ့မေမေ့သံစဉ်လေးမှာ
ကျွန်မမျက်လုံးတွေ ဗျိုင်းတစ်အုပ်နဲအတူ့
ထာဝရနေညိုလိုက်ချင်တယ်…
''သမီးကလေးရေ……''လို့အစချီ
ဘဝနဲ့ရင်းပြီးရလာတဲ့
ဲ့ ''တွင်း'' ကြီးရဲ့အတိမ်အနက်အကြောင်း
ကျွန်မ  ကြားချင်သေးတယ်မေမေ။
်မိုးလင်းမိုးချုပ်
သစ္စာကျမ်းတစ်စောင်အဖြစ့်
ဝိုင်းဝိုင်း
စတုဂံလွင်ပြင်Where stories live. Discover now