Part (18) Don't go

1.5K 165 4
                                    


[ ဒီအပိုင်းလေး ဖတ်နေတဲ့ အချိန်မှာ JYJ ရဲ့ In heaven ဆိုတဲ့ သီချင်းလေးကို နားထောင်ပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျ ... နားထောင်နေရင်းနဲ့ ဖတ်တော့ ပိုပြီး feel လို့ ကောင်းမယ်လို့ ထင်ပါတယ် ^^ ]

                   ~ ~ ~ ~ ~ ~ ~ ~ ~ ~

"Yoochun, မင်း သူငယ်ချင်းတွေ လာတယ်"

အခန်းတံခါးကို တွန်းဖွင့်ရင်း လာပြောသော အစ်ကို့ကြောင့် Yoochun အိပ်နေရာမှ မထချင်ဘဲ ထလိုက်ရသည်။

Trip က ပြန်ရောက်ထဲက Yoochun အိမ်ထဲတွင်သာ စားလိုက်အိပ်လိုက် လုပ်နေသည်။ ကျောင်းသွားရန်လည်း စိတ်မပါ။

Junsu အပေါ်တွင် လုပ်မိသော ကိစ္စကြောင့် အပြစ်ရှိနေသလို ခံစားနေရသည်ဟု ပြောလျှင်  ပိုမှန်မည်။

ငါ သူ့အပေါ် အရမ်းများ လွန်သွားလား... ဒါပေမဲ့ သူ့အစ်မကြောင့် ငါ့ မိသားစု စိတ်ညစ်စရာတွေ ဆက်တိုက်ကြုံရတာ...  သူလည်း ဒီလောက်တော့ ပြန်ခံရမှာပေါ့...

သို့သော်လည်း Junsu  မျက်ရည်တို့ ပြည့်နေသော မျက်ဝန်းတို့က Yoochun  အာရုံထဲတွင် ဝဲလည်လှည့်နေဆဲ။

တောင်းပန်နေသော အသံတို့ကို ကြားယောင်နေဆဲ။

ကိုယ့်မိသားစုကို ထိရင် လုံးဝမခံတတ်သော Yoochun, ပုံမှန်ဆို ဘာမှပြန်ဂရုမစိုက်တတ်ပေမဲ့ ဒီကောင်လေးနဲ့ကျမှ ဘယ်လိုမှ မေ့မရဘဲ တစ်ငိုင်ငိုင်ပါ ဖြစ်နေသည် အထိ။

အခုလည်း အိမ်ပေါ်ထပ်ကအဆင်း လှေကားမှာ ယောင်ပြီး အထစ်ကျော်ဆင်းမိ၍ ချော်ကျလုနီးနီး ဖြစ်ပြီးမှ ဘေးက လက်တန်းကို မနည်းဆွဲပြီး ထိန်းလိုက်ရသည်။ အောက်ထပ်က ဧည့်ခန်းထဲ ရောက်လာတော့ Yunho က sofa တွင် အေးအေးဆေးဆေး မှီထိုင်ပြီး maid တွေ ချပေးထားသော မုန့်များကို ဆက်တိုက်စားနေသည်။ Yoochun အိမ်မှ လူတွေကလည်း Yunho တို့အား ခင်နေပြီဖြစ်၍ Yoochun အိမ်သည် Yunho အိမ်ကဲ့သို့ ဖြစ်နေသည်။ Yunho ဘေးက sofa တွင်တော့ ကောင်လေးတစ်ယောက် ခေါင်းငုံ့ပြီး ထိုင်နေသည်။

Ever Lasting SakuraWhere stories live. Discover now