လူနဲ့လမ်း

55 7 0
                                    

လူနဲ့လမ်း
*******

ကားနောက်ခန်းထဲကနေ
သီချင်းသံတစ်ချို့နဲ့
ကြယ်ရင်ပြင်ကို
ငါငေးလိုက်တယ်။

အဲဒီမှာ
တောင်ကုန်း၊တောင်တက်လမ်းများနဲ့ 
အကွေ့အကောက်ခပ်များများလမ်းများထဲ
ချစ်သူရဲ့ဘုရားစာရွတ်ဖို့မှာသံနှင့်အတူ
ညကို ငါ ကြည်နူးစွာ
ပျံသန်းလာခဲ့တယ်။

ရွှေဘိုကိုထားခဲ့တယ်။

ခု

ကန့်ဘလူကိုသွားနေတယ်။

မဆုံးနိုင်တဲ့ခရီးတွေထဲ
ဆက်သွယ်ရေးစက်တွေဆင်နေတယ်။

ဝမ်းစာ
မျက်စိပွင့်နားပွင့်ဖို့
ခြေထောက်မှာဗွေပါခဲ့သူ
သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှုရှိုက်လို့
ငါ့ကိုယ်ငါ သန့်စင်နေရင်းနဲ့ 
မိုင်တိုင်တွေပိုပိုဝေးလာတယ်။

အမြင့်ပေါ်တက်နေရဦးမှာ
တောင်တွေပေါ်၊တာဝါတိုင်တွေပေါ်။

အောက်လည်းပြန်ဆင်းနေရဦးမှာ
တက်လိုက်ကျလိုက်
နိမ့်လိုက်မြင့်လိုက်
ဘယ်အခါခြေ၊လက်ချော်ကျမလဲပေါ့။

ကြယ်တွေကိုထပ်ငေးလိုက်တယ်။

မင်းအတွက်မင်းရှိတယ်(Idiot's Song)၊
အမြင်တွေမှောင်မည်းနေတဲ့
လမ်းတွေထဲ၊
လမ်းတွေနဲ့၊
ငါလေချွန်လို့ ခရီးဆက်နေသေးတယ်။

အချိုးအကွေ့တိုင်းမှာ
အဲဒီအသံကြားနေတယ်။

အဲဒီအသံကိုကြားရင်
အဲဒီသီချင်းကိုသတိရလိုက်တယ်။

လမ်းတွေကဒီတစ်သက်မဆုံးဘူးပဲ
ဆောင်းညကို ရင်မှာပိုက်တယ်
ငါလည်း
သတိရတတ်ပါတယ်
မြင်းခြံမှာ ရင်းနှီးမိခဲ့တဲ့
ပွင့်ပွင့်လင်းလင်း ကောင်မလေးကိုပေါ့

Jan 16 2017
Minsetwai

စတုဂံလွင်ပြင်Where stories live. Discover now