Episode (19)

759 62 22
                                    

Jin'pov ~
ပန်းနုရောင် အိပ်ယာခင်းထက်ဝယ် မိမိ၏ နှူတ်ခမ်းကိုကိုင်ကာ သူမအား ပေးခဲ့ဖူးသော အချိုမြိန်ဆုံးအနမ်းအားပြန်လည်ပုံဖော်ကြည့်
တော့ …
ကမ္ဘာ့အပျော်ရွှင်ဆုံးလူသားဖြစ်လိမ့်မည်ထင်၏။

သူမဘက်ကို ထည့်စဉ်းစားလျှင် တစ်စိုးတစိမျှတော့ စိတ်ဆိုးသွားဟန်မပေါက်ပေ
အဲဒီအချိန်တုန်းက သူထင်မိတာက သူ့ပါးပေါ်ကျရောက်လာမည့် သူမလက်ဖဝါးနုနုလေးဆီက စပ်ဖြင်းဖြင်း အထိအတွေ့။သို့သော်ထိုသို့မဟုတ်ခဲ့
ရှက်သွေးဖြာသွားလို့
ခရမ်းချဉ်သီးရောင်သန်းနေတဲ့ ပါးမို့မို့လေးနှစ်ဖက်ရယ်~စိတ်လှုပ်ရှားမှူကြောင့် ထစ်အအ ထွက်လာတဲ့စကားသံလေးတွေရယ်~
ပြန်လည်တွေးကြည့်ရင်း ရင်ခုန်ရပါ၏။

ချစ်သည် ဆိုသည့်အလှပဆုံးသော၊ဆန်းကြယ်သောစကားလေးကို သူမထံအမြန်ဆုံးပြောမည်။
~~~~~~~~အချစ်ရဲ့ သံတမန်များ

ဆေးရုံပေါ်ကဆင်းခွင့်ရပြီဆို၍ဆရာဝန်ကြီး၏ခွင့်
ပြုချက်ကြောင့်Min TaeTae
တစ်ယောက်ဆေးရုံခန်းအတွင်းပျော်ရွှင်
ခုန်ပေါက်လျှက်ရှိသည်။

TaeHyung ; ငြိမ်ငြိမ်နေများနေပါအုံးလားဟာမျက်စိကိုနောက်
နေတာပဲ နင်လုပ်လို့ ဆေးရုံတော့ပြိုကြတော့မယ်

Tae ; နင်ကလဲ~ငါဆေးရုံက
ဆင်းရမှာမို့ပျော်တာပေါ့ဟာ ဆေးနံ့တွေမွှန်ထူနေတဲ့အခန်းထဲကြီးထဲမှာမနေ
ချင်ပါဘူး~နင်ရောငါကြောင့် ပင်ပန်းနေတာတွေ
မရှိတော့ဘူးဆိုတော့ မပျော်ဘူးလား

TaeHyung ; ပျော်တာပေါ့~နို့မို့ဆိုရင် နင်ကိုစောင့်ရှောက်ရတာနဲ့ ငါမှာဂိမ်းဆော့ဖို့ရယ် dramaတွေကြည့်ဖို့ အချိန်တောင်မရှိဘူး

Tae ; Tae Hyung နင်ငါသတိမေ့နေတုန်းကနည်းနည်းမှ
စိုးရိမ်စိတ်ကလေးတောင်မဖြစ်ဘူးလားဟင်

TaeHyung ;ဟင့်အင်း မဖြစ်ပါဘူး

Tae ;တကယ်လား

TaeHyung;တကယ်ပေါ့ဟ လိမ်စရာလား

Tae ; ဒါနဲ့လေမနေ့မနက်က နင်ဘာဖြစ်လို့ ဒီကုတင်ပေါ်တက်ပြီး ငါ့ကိုဖက်ထားရတာလဲ??

ထို့သို့အမေးကဘာဖြေလို့ဖြေရမှန်းမသိ
နင်အိမ်မက်ဆိုးတွေမက်နေလို့စိတ်ပူလွန်းလို့ငါ
ဖက်ထားပေးမိတာပါလို့ ဖြေလိုက်မိရင် စောနက လိမ်ပြီးသားလေ နင်ငါ့ကိုလှောင်လေမလား ဒုက္ခတော့ရောက်ပြီပဲ…

You've reached the end of published parts.

⏰ Last updated: May 01, 2017 ⏰

Add this story to your Library to get notified about new parts!

အချစ်ရဲ့သံတမန်များWhere stories live. Discover now