Girl....Don't Lie (Part-18)

904 84 9
                                    

လှပသာယာတဲ့  တနင်္ဂ​နွေ​နေ့မှာ Taeyeon နဲ့ Tiffany တို့ ဒိတ်​​လုပ်​​နေကြသည်​။ ပန်းခြံတစ်​ခုမှာ နှစ်​​ယောက်​ အတူ လက်​တွဲ ​လျှောက်​ကြရင်း
"Fanyနဲ့ အတူ ရှိ​နေလို့ ထင်​တယ်​ ဒီ​နေ့ ရာသီဥတုက သာယာလိုက်​တာ....... "
"စကား​တွေ သိပ်​တတ်​​နေတယ်​......"
"စကားအရာ ကြွယ်​တဲ့ သူ​မဟုတ်​ပါဘူး တကယ်​ချစ်​တဲ့ သူနဲ့ ​တွေ့​တော့ ပြောသမျှ စကား​တွေက နှလုံးသားထဲက လာတဲ့ စကား​တွေ ဖြစ်​​နေ​တော့ ... ."
"လူကြွယ်​ကြီး....."
Fanyနဲ့ Taeတို့ ခုံတန်းတစ်​ခုမှာ အတူထိုင်​ရင်း ကန်​​ရေပြင်​ကြီးကို ကြည့်​​နေကြတယ်​.....
"Tae Taeသိလား ......"
"Omm ​ပြော Fany....."
"ဒီ ကန်​​ရေပြင်​လိုဘဲ အစက Fanyရဲ့ နှလုံးသားက ငြိမ်​သက်​​နေတာ​လေ..... ဒါ​ပေမယ့်​ လူဆိုးတစ်​​ယောက်​​ကြောင့်​ Fanyရဲ့ နှလုံးသား​လေး လှုပ်​ခတ်​သွားပြီ...."
"အဲ့လူဆိုးကိုဘဲ Fanyက ချစ်​​နေတာ မဟုတ်​လား...."
သူရဲ့ ပခုံး​ပေါ်မှီအိပ်​​နေတဲ့ Fanyရဲ့ ပါး​လေးကို Taeyeon ဖွဖွ​လေး နမ်းလိုက်​သည်​။ Taeyeonရဲ့ လက်​​မောင်းကို Fany ဖွဖွ​လေးထုရင်း
"ဘာ​လို့ လာနမ်း​နေတာလည်း ဟိုမှာ က​လေး​တွေ​ရော လူ​တွေ​ရော ရှိ​နေတာကို ရှက်​စရာကြီး.. ..."
"ဒါဆို Fanyက​ရော ဘာလို့ အသည်းယား​အောင်​ လုပ်​​နေတာလည်း Fanyက အသည်းယား​အောင်​ လုပ်​​နေ​တော့ Tae Taeက ဘယ်​လိုလုပ်​ စိတ်​ထိန်းနိုင်​မှာလည်း......"
"Byuntae......"
Taeyeonလည်း ထိုင်​​နေရာက​နေ ရုတ်​တရက်​ ထလိုက်​​တော့
"Wae... ဘာဖြစ်​တာလည်း Tae Tae...."
Fanyရဲ့ စကားမဆုံး​သေး Fanyရဲ့ ​ပေါင်​​ပေါ်ကို Taeyeon လှဲအိပ်​လိုက်​သည်​။
"၀ိုး..... အိပ်​လို့​ကောင်းလိုက်​တာကွာ...... "
Taeyeonရဲ့ မျက်​နှာ​ပေါ်က မျက်​ခုံး​မွှေး နှာ​ခေါင်း နှုတ်​ခမ်း​တွေကို  Fany လက်​က​လေး​တွေက ထိ​တွေ့​နေတယ်​...... Taeyeonရဲ့ နှုတ်​ခမ်းနား Fanyရဲ့ လက်​က​လေး​ရောက်​လာ​တော့ Taeyeon အလျှင်​အမြန်​ ဖမ်းလိုက်​ပြီး Fanyရဲ့ လက်​ဖမိုး နုနု​လေးကို နမ်းလိုက်​သည်​။ ပြီး​နောက်​ Fanyရဲ့ လက်​ကို ကိုင်​ပြီး သူ့ရင်​ဘတ်​​ပေါ် တင်​ထားလိုက်​သည်​။
"Fany..... ကိုယ်​တို့ ဒီလို​လေး ခဏ​လောက်​ ​နေရ​အောင်​​နော်​....."
"Ommပါ...."
Fanyရဲ့ ​ပေါင်​​ပေါ် Taeyeon လှဲအိပ်​​နေသည်​။ Taeyeonရဲ့ မျက်​နှာကို ​နေထိုး​တော့ Fanyလည်း သူ့ရဲ့ လက်​က​လေးနဲ့ ကာ​ပေး​​နေသည်​။ Taeyeon မျက်​လုံးပွင့်​လာပြီး Fanyလက်​က​လေးကို ကိုင်​ပြီး
"ဘာလို့ ​နေကာ​ပေးတာလည်း ကိုယ့်​ကို ထိုးလည်းထိုးပါ​စေ​ပေါ့ Fanyရဲ့ လက်​က​လေး ပူ​နေ​တော့မှာဘဲ....."
"Tae Taeရဲ့ မျက်​နှာကို ​နေထိုး​နေတာ Fany မကြည့်​ရက်​လို့ပါ...."
"Fany လက်​က​လေး ​နေပူ​လောင်​​နေတာ ကိုယ်​ မခံစားနိုင်​ဘူး...." (အမ​လေး အကဲပို​​နေကြတာ ဂယ်​ဖဲ 😒😒)
"Author သူများ​က ကြည်​နူး​နေတာကို ဘာဝင်​ရှုပ်​တာလည်း 😕"
"​အေး​လေ Tae Tae ​ပြောလိုက်​ ​ပြောလိုက်​...."
"၀င်​ရှုပ်​တာ မဟုတ်​ပါဘူး ပန်းခြံထဲ လမ်း​လျှောက်​ရင်း အတွဲလိုက်​​ချောင်း​နေတာ သွားလိုက်​အုံးမယ်​​နော်​ xD....."
"သွား အရှုပ်​ Author.... ကဲ ကိုယ်​တို့ ​နေ့လည်​စာ သွားစား​ရ​အောင်​ Fany....."
"ခဏ​လောက်​ မရဘူးလား....."
"ဘာလို့လည်း Fany...."
"Fanyရဲ့ ​ခြေ​ထောက်​​တွေ ထုံ​နေလို့ လမ်း​လျှောက်​လို့ မရ​သေးဘူး😢😢"
"ဒါများ...."
Fanyကို Taeyeon ​ပွေ့ချီလိုက်​​တော့ Fany လန့်​သွားပြီး
"Tae Tae ဘာလုပ်​တာလည်း ​အောက်​ပြန်​ချ​ပေး....."
"မချ​ပေးပါဘူး ​ပြော​တော့ လမ်းမ​လျှောက်​နိုင်​ဘူးဆို Tae Tae ​ပွေ့ချီ​ခေါ်သွားမယ်​​လေ......."
"သူများ​တွေ ၀ိုင်းကြည့်​​နေကြတယ်​...ချပါဆို...."
"ကိုယ့်​ချစ်​သူကို ကိုယ်​​ ​ပွေ့ချီတာ ဘယ်​သူ့ကို ဂရုစိုက်​ရမှာလည်း....."ဆိုပြီး ကားရှိရာထိ Fanyကို ​ပွေ့ချီလာသည်​။ 
တဖက်​မှာလည်း အားရပါးရ စား​သောက်​​နေတဲ့ Sooyoungကို Sunny ထိုင်​ကြည့်​​နေသည်​။
"Choi Sooyoung..... ကျွန်​မတို့ ဒိတ်​​နေတာလား ဒါမှမဟုတ်​ သွားမယ်​ စားမယ်​ အစီအစဉ်​ ရိုက်​ကူး​နေတာလား 😤😤 အစားကိုဘဲ ငုံ့စား​နေတာ ကျွန်​မကို ရှိတယ်​လို့​ရော သတ်​မှတ်​ထား​သေးရဲ့လား..... "
Sunnyရဲ့ စကား​ကြောင့်​ အစားပလုပ်​ပ​လောင်းနဲ့ Sooyoung မှာ ရယ်​ပြ​​လိုက်​​တော့
"ရယ်​ပြမ​နေနဲ့ သွားကြားထဲမှာလည်း ဟင်းဖတ်​​တွေနဲ့ စိတ်​ကုန်​စရာ 😖 "
Sooyoung ဖုန်းကိုကြည့်​ပြီး သူ့သွားကြားမှာ ညှပ်​​နေတဲ့ အသားဖတ်​ကို ဖယ်​လိုက်​ပြီး
"တကယ်​​တော့.... ကိုယ့်​လို အစားပုပ်​တစ်​​ယောက်​ကို ရည်းစား​တော်​ထားရတာကို Sunny ဂုဏ်​ယူသင့်​တယ်​...."
"အမ​လေး ဂုဏ်​ယူသင့်​တယ်​တဲ့ 😒😒"
"ဟုတ်​တယ်​​လေ အစားကလွဲပြီး ကျန်​တာ ဘာမှ စိတ်​မ၀င်​စား​တော့ သူများ​တွေလို ကိုယ့်​ချစ်​သူက ခြံခုန်​သွားမှာကို စိုးမရိမ်​ရ​တော့ဘူး​လေ တခြားမိန်းက​လေး​တွေကို စိတ်​၀င်​စားမှာ စိတ်​မပူရ​တော့ဘူး​လေ 😌😌😌"
"ဟုတ်​ပါ့ အစားကလွဲပြီး ကျန်​တာ စိတ်​မ၀င်​စားတဲ့ အစားစား​နေရရင်​ ကိုယ့်​ချစ်​သူ ​ရှေ့မှာရှိ​နေတာ​တောင်​ ​မေ့​နေတဲ့ သူကို ချစ်​သူ​တော်​ရတာ ကျွန်​မ အရမ်း အရမ်း အများကြီး အများကြီး ဂုဏ်​ယူတယ်​ သိလား 😏😏😏😏😏"
"😁😁😁😁"
Fanyတို့ Sicaတို့က​တော့ ကံ​ကောင်းလိုက်​တာ ဒီ​နေ့ သူတို့ချစ်​သူနဲ့ ဘယ်​လို Romantic ဆန်​ဆန်​ ဒိတ်​ကြလည်း မသိဘူး ငါ့မှာ​တော့ ဒင်းမျိုဆို့​နေတာ ထိုင်​ကြည့်​​နေရတယ်​ 😑😑"
Yoonsicတို့က​တော့ shopping ထွက်​​နေကြတယ်​​လေ.... Sicaက Shopping ထွက်​ချင်​တယ်​ ​ပြောလို့ Yoonaက လိုက်​ပို့​နေတာ...... GG shopping Mallထဲမှာ အထုပ်​​တွေဆွဲပြီး လျှာတစ်​လစ်​နဲ့ Yoona အ​နောက်​မှာ လိုက်​​နေသူက​တော့ Im Yoona.....
"Sica.... ခဏ​နောက်​ နားလို့မရဘူးလားဟင်​ ကိုယ်​ ​မော​နေပြီ ဒီ ​ပထမနဲ့ ဒုတိယ ​အထပ်​ကိုဘဲ ပတ်​​နေတာ ငါးခါ​လောက်​ရှိပြီ ​ဟောဟဲ ​ဟောဟဲ......"
Sicaလည်း နာရီကို ကြည့်​လိုက်​​တော့
"Omo ​နေ့လည်​ ၂နာရီ​တောင်​ ရှိ​နေပြီဘဲ ​နေ့လည်​စာ စားဖို့​ ​မေ့​နေတာ ခုမှ သတိရတယ်​ 😳😳"
"အမ​လေးဗျာ ​တော်​​သေးတယ်​ ​နေ့လည်​စာစားဖို့ သတိရလို့ 😖💭💭"
"Yoongie.... ဆာ​နေပြီလား....."
"ဘယ်​လိုများ ​မေးလိုက်​တာပါလိမ့်​ 😵 တမနက်​လုံး တ​ကောက်​​ကောက်​လိုက်​​နေရတာ ​ညောင်းပြီး ဆာတာများ အူ​တွေကို လိမ်​လို့ 💭💭💭"
"Sica ဆာ​နေရင်​ စား​လေ......"
"Omm.... ဒါဆို အ​ပေါ်ဆုံးထပ်​က ဆိုင်​တဆိုင်​မှာ သွားစားကြမယ်​ အဲ့ဆိုင်​က စားလို့ ​ကောင်းတယ်​တဲ့....."
"အမ​လေးဗျာ အ​ပေါ်ဆုံးထပ်​ထိ တက်​ရအူးမယ်​💭...."
"ဟို​လေ... Sica... ဓာတ်​​လှေကား စီးပြီးသွားမယ်​​လေ...."
"အာညီး ဒီတိုင်း စက်​​လှေကားနဲ့ တပ်​မယ်​ လမ်း​လျှောက်​သွား​တော့ ​လေ့ကျင့်​ခန်း လုပ်​ပြီးသားလည်း ဖြစ်​တယ်​​လေ.... Sica ခုတ​လောဝလာလို့ နည်းနည်းကျသွား​အောင်​....."
"Aww ​အေး​အေး ငါက​တော့ ၀ိတ်​ဒီထက့်​ကျမယ်​ဆိုရင်​ အရိုး​ခြောက်​ဖြစ်​​တော့မယ်​💭💭💭💭💭"
အ​ပေါ်ဆုံးထပ်​က စား​သောက်​ဆိုင်​ကိုလည်း ​ရောက်​​ရော Yoona တ​ယောက်​ အားရပါးရကို ထိုင်​စား​နေတယ်​.... Yoonaစား​နေတာကို Sicaကြည့်​ရင်း
" ဖြည်းဖြည်း စားပါ Yoongieရယ်​.... မသိတဲ့သူ​တွေဆို Yoongieကို အီသီယိုးပီးယားက လာတဲ့သူလို့ ထင်​​နေကြမှာ...."
Sicaရဲ့ စကား​ကြောင့်​ Yoon သီးသွား​တော့
"​ပြောသားဘဲ ဖြည်းဖြည်း စားပါဆို​နေ.....အခု သီးကုန်​ပြီ​ ​တွေ့လား....."
"😁😁😁"
Sooyoungတို့ စား​သောက်​ပြီး ​လျှောက်​လည်​​နေကြစဉ်​ တစ်​​နေရာကို ​ရောက်​​တော့ လူ​တွေ စုအုံ​နေတာ​တွေ့​တော့ ဘာဖြစ်​တာလည်းဆိုပြီး စပ်​စုကြ​လေသည်​။
"Seohyun​လေ...... အဲ့ နှုတ်​ခမ်းနီဆိုင်​မှာ Fan sign လုပ်​​နေတာတဲ့...."
Seohyunဆိုတဲ့ စကား​ကြောင့်​ Sunny​ပျော်​သွားတယ်
"Soo..... Seohyunကို ကြည့်​ချင်​လို့........"
"ဟာ.... ဒီ​လောက်​ လူ​တွေများ​နေတာ ဘယ်​လိုလုပ်​ ကြည့်​လို့ရမှာလည်း....."
"ဘာလည်း Sooက ငြိုငြင်​​နေတာလား😔"
"အာ.... အဲ့လို မဟုတ်​ပါဘူး လာ ကား​ပေါ်ကဆင်း...."
Sunnyနဲ့ ကား​ပေါ်က​နေ ဆင်းလိုက်​တယ်​....Sooyoung ​ဆောင့်​​ကြောင့်​ထိုင်​လိုက်​ပြီး
"ကိုယ့်​ရဲ့ ပခုံး​ပေါ်တက်​...."
"ဟင်​....."
"Seohyunကို မြင်​ချင်​တယ်​ဆို ဒီ​လောက်​ လးအုပ်​ကြီးထဲမှာ Seohyunကို မြင်​ရဖို့ဆိုတာ မလွယ်​ဘူး ပခုံး​ပေါ်တက်​.. .."
Sunnyလည်း Sooyoungရဲ့ ပခုံး​ပေါ်တက်​လိုက်​သည်​။
"Yay...... Seohyunကို ​တွေ့ရပြီကွ...."
"သိပ်​မလှုပ်​နဲ့ Sunny... ပြုတ်​ကျမယ်​ ​သေချာကိုင်​ထား....."
Sunnyက​တော့ Seohyun ကို ဓာတ်​ပုံ​တွေ ရိုက်​​နေတယ်​..... Sunnyနဲ့ Sooyoungကို ကြည့်​ပြီး SeoMate ​တချို့က ဓာတ်​ပုံ ရိုက်​ကြပြီး Seomate Relationship goalsဆိုပြီး လူမှုကွန်​ယက်​မှာ တင်​ကြ​လေသည်​။ Sunnyတို့က​တော့ မသိကြဘူး Seohyunကို ကြည့်​​နေတာနဲ့....
"ကဲ Sunny.... ကိုယ့်​လို အရပ်​ရှည်​ရှည်​ ​ဒေါင်​​ကောင်း​ကောင်း ​ယောင်္ကျားကို ချစ်​သူ ​တော်​ရတာ ဂုဏ်​ယူလိုက်​စမ်းပါ....."
"ဂုဏ်​ယူပါတယ်​ရှင်​....."
စားပြီး ​နောက်​ထပ်​ Shopping Mall တစ်​ခုလုံးကို ပတ်​လို့ ၀ပြီး​နောက်​ Sica တ​ယောက်​ ​မောလိုက်​တာဆိုပြီး အ​အေးဆိုင်​ ၀င်​ထိုင်​တယ်​.....Yoonaက​တော့ လျှာတစ်​လစ်​နဲ့ ဘာအ​အေး​သောက်​မှာလည်းလို့ Sica​မေးတာ​တောင်​ မ​ဖြေနိုင်ရှာ....Sica အ​အေး​သောက်​ရင်း ဖုန်းကို ပွတ်​​နေစဉ်​ Instagram မှာ Seomate Relationship goalဆိုပြီး Sunnyတို့ ပုံကို မြင်​​တော့
"Omo Sunnyနဲ့ Sooyoungတို့ပါလား...... Sooyoungက Seohyunကို မြင်​ရ​အောင်​ဆိုပြီး Sunnyကို ကုန်းပိုး​ပေးထားတာ အားကျလိုက်​တာ ဒါနဲ့ ပွဲကပြီးသွားပြီလားမသိဘူး သွားကြည့်​ချင်​လိုက်​တာ ငါလည်း Sunnyလိုမျိုးဘဲ Yoongieကို ကုန်းပိုးခိုင်းရမယ်​...."
Sicaရဲ့ စကား​ကြောင့်​ Yoonaတ​ယောက်​ ဒူး​တွေ​တုန်​လာသည်​။ စိတ်​ထဲမှာလည်း ပွဲပြီးပါ​စေနဲ့ ဆု​တောင်း​နေတာ အကြိမ်​တစ်​ရာမက​တော့​ပေ.....
"Yoongie.. ..Seohyunကို သိတယ်​မဟုတ်​လား "
"Omm.... သိ..သိတယ်​... Baby Don't Say Noဆိုတဲ့ တ​ယောက်​မလား ပါး​ဖောင်း​လေးနဲ့ ချစ်​စရာ​လေး​လေ...."
"ရှင့်​ကို ကျွန်​မ ​မေးတာက သိတယ်​မလားလို့ ​မေးတာ ချစ်​စရာ​လေးလားလို့ ​မေးတာ မဟုတ်​ဘူး​နော်​ 😌😌"
"ဂလု😥😥😥"
"သူ့ကို ​တွေ့ချင်​လိုက်​တာ.... ဒါ​ပေမယ့်​ ပွဲကပြီးသွားပြီဆို​တော့ သူလည်း ပြန်​သွားပြီ ​နေမယ်​...."
ပွဲကပြီးသွားပြီဆိုတဲ့ စကား​ကြောင့်​ Yoona ​ပျော်​သွား​လေသည်​။ စိတ်​ထဲကလည်း Sooyoungကို ကျိန်​ဆဲ​နေ​လေသည်​။

Girl....Don't LieWhere stories live. Discover now