အနောက်အရပ်ကတိမ်တိုက်တွေအကြောင်း

47 6 0
                                    

အနောက်အရပ်ကတိမ်တိုက်တွေအကြောင်း

တစ်ကိုယ်စာနေ့သစ်တွေထဲ

နေ့ရောညရောတစ်ပုံစံတည်းရယ်

လင်းခြင်းမှောင်ခြင်းက

ကွာခြားလွန်းခြင်းမရှိတဲ့

အဖော်မဲ့နာရီတွေကြား

ဟိုးးးး
မိုးသားကောင်းကင်က

တိမ်ဖြူတစ်သိုက်က

ပုံစံအမျိုးမျိုးနဲ့

တင်ဆက်နေကြတာလေ

အလွမ်းမပြေပေမယ့်

အပျင်းတော့ပြေပါရဲ့

မနေ့ကများစွာရဲ့

ဟိုးးးးအနောက်အရပ်က

တိမ်ဖြူတွေလောက်

စွဲဆောင်အားမကောင်းလွန်းတာ

ဘယ်သူအသိဆုံးဖြစ်မလဲလေ.......

အော်...
သူတို့တွေပြသမှု

ခဏနားချိန်လောက်မှာ

အနောက်အရပ်ကတိမ်ဖြူတွေအကြောင်း

ဖောင်ဖွဲ့စာစီပြောပြရဦးမယ်...

Snow Hninn
6 Jan 2017
9:12 AM

စတုဂံလွင်ပြင်Where stories live. Discover now