Part-12

4.8K 400 5
                                    

baekအပေါ်အုပ်မိုးထားတဲ့လက်ပိုင်ရှင်ကိုမော့ကြည့်လိုက်မိတော့ မထင်မှတ်ထားသူကြောင့် baekမျက်လုံးအစုံ
ပြူးကျယ်သွားရသည်။

"hunnieက ဘာလို့"

လက်ညှိုးလေးတထိုးထိုးနဲ့ကြောင်တောင်တောင်လေးပြော
မိတော့sehunရယ်လိုက်ကာbaekဆံပင်လေးတွေဖွလိုက်
သည်။

"ကိုယ်က မနက်ဆိုအမြဲ ဒီမှာထပြေးနေကြလေ
ဒါနဲ့ ကိုယ့်ရဲ့ stalkerလေးက ဒီမှာဘာလုပ်
ကိုယ့်ကိုလာချောင်းတာလား"

"hunnieနော် baekက stalkerမဟုတ်ပါဘူးနော်
big fanပါ  ပြီးတော့လာချောင်းတာမဟုတ်ပါဘူး
baekဘာသာပျင်းလို့လာထိုင်နေတာပါနော်"

နှုတ်ခမ်းလေးတဆူဆူနဲ့စူပုတ်ပုတ်လေးပြောနေတဲ့သူ့ရဲ့
big fanဆိုသူလေးကိုအသည်းယားလာမိတာကြောင့်
ပါးဖောင်းဖောင်းလေးနှစ်ဖက်ကိုဆွဲဖျစ်လိုက်တော့
ဘဲနှုတ်သီးလေးဖြစ်သွားလေသည်။

ဘဲနှုတ်သီးလေးတထော်ထော်နဲ့အော်နေသေးရဲ့

"hunnie လွှတ်ဆို သူများပါးလေးကို မဆွဲနဲ့လေ
လွှတ်ပါဆို အော်လိုက်မှာနော်"

"အော်လိုက်လို့ fanတွေရောက်လာပြီး ကိုယ့်ကိုတွေ့သွားရင်
ဘယ်လိုလုပ်မလဲ "

sehunပြုံးစိစိနဲ့ပြောလိုက်တော့လည်းသူလေးငြိမ်သွားရဲ့

"ဟုတ်တယ်နော် အဲ့ကြရင် hunnieက ခုလို အေးဆေး
ဘယ်နေရတော့မလဲလေနော်"

"ဒါပေါ."

sehunရဲ့ပြုံးစိစိရုပ်ကိုအခုမှသတိထားမိတဲ့baekတယောက် သူ့ကိုစနေမှန်းသိတော့မှ sehunကို မမှီမကန်းသူ့လက်သေးသေးလေးတွေနဲ့လိုက်ရိုက်တော့သည်။

ခုံတန်းလေးကိုပတ်ပြေးရင်းဆော့နေကြတဲ့ကောင်သေးလေးကတော့မျက်ရည်များအပြည့်နဲ့သူ့ကိုစိုက်ကြည့်နေတဲ့
ကားနက်လေးထဲက ကောင်လေးကိုတော့ သတိမထားမိလိုက်

************************************

hunnieနဲ့တွေ့ပြီးပြန်လာတဲ့baek စိတ်ထဲအနည်းငယ်နေလို့
ကောင်းသွားပေမယ့် အခုမှစချစ်ဖူးတဲ့သူ့နှလုံးသားလေးက
တော့သိပ်တော့အဆင်မပြေလှသေး

အခုလည်းငူတူတူနဲ့ခြံထဲကဒန်းလေးပေါ်မှာထိုင်ပြီး
တွေးချင်ရာတွေးနေမိတာကြောင့်သူဘေးမှာလာရပ်တဲ့သူကိုလည်းသတိမထားမိ

ကိုကိုသတင်း​ထောက်​(Ko Ko Reporter)Where stories live. Discover now