ကဝေပျိုခိုတဲ့အသည်း

53 8 0
                                    


ကဝေပျိုခိုတဲ့အသည်း

အချစ်တဲ့………………………
နှလုံးသားမှာဓားတပ်လို့
ငါပဲအပိုင်းပိုင်းဖြတ်တောက်ပစ်ခဲ့တာ
အခုမှပြန်တမ်းတနေလို့ နောင်တတွေပဲအဖတ်တင်တယ်!
သွေးထွက်အောင်မိုက်မဲခဲ့ဖူးတယ်လေ
ခပ်ပြင်းပြင်း သူ့ခန္ဓာညို့ချက်ထဲမှာ
မေ့လဲမတတ် ယစ်မူးဖူးတာပေါ့…………
ဟုတ်တယ် ငါက"ပုရိဿ"    မျိုးနွယ်ပဲ
ရင်ဘတ်တစ်ခုလုံးကို အုပ်စိုးမင်းမူနေတာတောင်
ငါ့ဘဝအနာဂါတ်ကိုတောင်
သိမ်းပိုက်ချင်သေးတယ်တဲ့လား?
ရတယ်! လိုအပ်သလိုအသုံးပြု
ငါ့အသည်းထဲမှာ မင်းပြောတိုင်းခေါင်းညိတ်ပြဖို့
အချစ်ရဲ့ကဝေပျိုက ခိုကပ်နေပြီလေ……………
မင်းသုဝေ(စိန်ပန်းမြေ)

စတုဂံလွင်ပြင်Where stories live. Discover now