မိုး ခါး တေး ကို စို့ နင့် နင့် သီ ကျူး ခြင်း

54 4 0
                                    


မိုး ခါး တေး ကို စို့ နင့် နင့် သီ ကျူး ခြင်း

*****************************

မျှော် လင့် ခြင်း တွေ ကို

အိတ် ပေါက် နဲ့ လိုက် ကောက် မိ တယ် ။

ယုံ ကြည် ခြင်း တွေ

အ ရှင် လတ် လတ်

အ စိမ်း လိုက် ခွဲ ခံ လိုက် ရ တယ် ။

တ ထစ် ချ ယုံ ကြည် နေ ဆဲ

က တိ တွေ က

နေ့ ရွှေ့ ည ရွှေ့ နဲ့

နေ ရာ အ တည် တ ကျ ပဲ ပျောက် လို့။

အံ ၀င် ခွင် ကျ

နေ သား ကျ ဖို့

မု သား ချို ချို တွေ

ထပ် ထပ် သုတ် ရ မယ် တဲ့ လား။

အ ထာ ကျ ဖို့

အား လုံး က မိုး ခါး တေး သွား ကြိုး ညှိ ချိန် မှာ

ငါ က ကော

မိုး ခါး တေး ပဲ တီး ခတ် ရ မယ် တဲ့ လား။

အ မှန် တ ရား ဆင် သေ ကို

လုပ် ဇာတ် ဆိတ် သား ရေ ဖုံး....

လုံ မည် တဲ့ လား။

ဟား.....ဟား.....ဟား.....

စို့နင့် နင့် ရယ် သံ နဲ့

မျက် ရည် တစ် ပေါက် မ ကျ စ တမ်း

အော် ရယ် ဟား လိုက် ရ တာ

ငါ့ ရင် ထဲ က

အံ ကျိတ် မြို ချ ထား တဲ့

ခံ စား ချက် တွေ တောင်

က ယောင် က တမ်း

လိုက် အော် ရယ် လို့။

Snow Hninn
9 Sep 2015

စတုဂံလွင်ပြင်Where stories live. Discover now