ဆေးဆိုးထားသောအမှိုက်များ

42 2 0
                                    


ဆေးဆိုးထားသောအမှိုက်များ
*********************
တိုင်းပြည်အုပ်ချုပ်တဲ့ အရှင်ဘုရင်ရဲ့
ထမင်းလုတ်ထဲမှာ ဘယ်သူတွေ
(ဆိုးဆေး)ခတ်ရဲသလဲဖြေ……

မန္တလေးတစ်မြို့လုံး ဝါးမြိုခံရတာတောင်
ရန်သူကို အဖေခေါ်နေရတာ
ကျုပ်တို့ ပြည်သူလူထုတစ်ရပ်လုံးပဲ……
နိုင်ငံအတွင်း ဝင်ရောက်လာတဲ့
အသွေးမတူ အယူဝါဒမတူသူ
ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမဆို
ကျုပ်အထင်မကြီးနိုင်ဘူး………

ဧည့်သည်ဆိုတဲ့ ခင်ဗျားတို့က
ငွေကြေးကိုအသုံးချ
သွားရည်တမြမြနဲ့
မြန်မာပြည်ရဲ့ရိုးသားမူ့ဂုဏ်ကို
ဖျက်ဆီးချင်နေကြတယ်……

လူညွန့်တုံးစေတဲ့ ဆေးဝါးတွေသုံးစွဲရင်း
အနာဂါတ်လူငယ်ဘဝ ရှင်လျှက်နဲ့သေနေတာ
မျက်မြင်ကိုယ်တွေ့
ဘယ်သူတွေ အဖတ်လုပ် ဖေးမပေးခဲ့ကြသလဲဗျာ………

ပညာတက်ဖို့ ထမင်းအရင်ဝဖို့လိုတယ်
အခုခေတ်မှာ ခါးလှလှ မျက်နှာပြပြီး
ခန္ဓာကိုယ်ကို ဘဝတစ်ခုသတ်မှတ်ကြ

လူထုရဲ့စာရိတ္တဟာ ဆေးဆိုးထားတဲ့အမှိုက်တွေလိုပဲ
လူမြင်ကောင်းပေမယ့် တန်ဖိုးမရှိတော့ဘူးလေ……

နိုင်ငံ့ယဉ်ကျေးမူ့နဲ့ ပြောင်းလဲလာတဲ့ခေတ်က

ပြည်သူလူထုစိတ်ဓာတ်နဲ့မတန်ဘူးဆိုရင်

ခင်ဗျားတို့ ဘာများပြောချင်ကြသလဲ……

မင်းသုဝေ-စိန်ပန်းမြေ-

စတုဂံလွင်ပြင်Where stories live. Discover now