အချစ်ထောင်ချောက် အပိုင်း ၃၃

1.4K 92 0
                                    


အပိုင်း ၃၃

Yunho မနက်စာကို စားရတာ ကျေနပ်နှိမ့်သိမ့်နေသည် အရာအားလုံး normal ပြန်ဖြစ်သွားပြီ... ကော်ဖီလဲ သောက်နေကျ အရသာ ကြက်ဥကျော်ကလည်း Yunho ကြိုက်တဲ့အနေအထား ပေါင်မုန့်ကလည်း ကြွပ်တယ်ဆိုရုံလေး... ကြက်အူကျောင်းကို သေချာ တစ်ကိုက်စာစီဖြတ်ကြော်ထားသည် .... WOW!!! အခုလိုမျိုး Jae Joong ပြင်ထားတဲ့ မနက်စာ စားရတာကိုက ရင်ခုန်စရာ.... ငါ မသိခင်စားခဲ့တဲ့ ၃ နှစ် ဟာ နှစ်မြောစရာ

Jae Joong သားသားကို မနက်စားဖို့ လှီးဖြတ်ပေး တစ်ကိုက်စားလေးတွေလုပ်ပြီးလိုက်သည်

သားသား ကိုယ်ဘာကိုယ် စားမှာ.....
အေးပါ
အေးပါ ...ပါ့ပါ က သားသား ခရင်းနဲ့ထိုးလို့ရအောင်လုပ်ပေးတာ....

Boo... ဒီနေ့ Avax သွားမှာလား.. ငါအတွက် driver တစ်ယောက်အသစ်ငှါးလိုက်မယ် မင်းက်ုတော့ Hal Woo က တာဝန်ယူပို့ပေးလိမ့်မယ်... Yunho ကော်ဖီသောက်ကာပြောလိုက်သည်

မနက်ဖြန်မှ ဒီနေ့တော့ အိမ်မှပဲနေလိုက်မယ်..

မင်း တစ်ခုခု ဆိုမကြောက်နဲ့ မင်းအနီးအနားမှာရဲတွေအမြဲရှိတယ်... Black Horse လာလည်း မင်းနားမှာ ရဲတွေရှိတယ်... ချက်ချင်းရောက်လာလိမ့်မယ်... မင်းကို စောင့်ကြည့်နေကျတာ...

ဟာာာာ စိတ်ညစ်တယ် အကျယ်ချုပ်အဖမ်းခံထားရသလိုပဲ...
အိမ်မှာလည်း စောင့်ကြည့်ခံရတယ်.... Jae Joong မျက်နှာစူပုတ်ကာပြောလိုက်သည်

မတတ်နိုင်ဘူး... မင်းလုံခြုံရေးအတွက်ပဲ... သည်းခံလိုက် ...
Jae Joong
စောင့်ကြည့်ခံရတဲ့ ဘဝကိုမုန်းသည်
-----------------//--------------

Kim Jae Joong ! vacation ၂ ပတ် ခွင့်က ၅ ရက် ရတယ်ဆိုပြီးအေးချမ်းနေတယ် ဒီမှာ မင်းကြောင့် ငါတို့ အလုပ်ပြုတ်တော့မယ်ကွ! ဖုန်းလည်း ပိတ်ထားတယ်! ငါတော့ ရူးသွားမလား ထင်ရတယ် ! မင်း ဇိမ်ကျနေတယ်ပေါ့! Manager nim Ah Jang  Jae Joong ကို ဖုန်းထဲကနေ အော်ဟစ်လိုက်သည်

ကျွန်တော့ ကြောင့် ???ဘာလို့လဲ?? ဘာတွေဖြစ်လို့လဲ??? Jae Joong နားမလည် မနက်ဖြန်အလုပ်ပြန်ဆင်းရမှာမို့ ဖုန်းဆက် ပြီး လှမ်းပြောတာဖြစ်သည်

ဟ! မင်း မသိဘူး မငြင်းနဲ့နော် .. လွန်ခဲ့တဲ့ နှစ်ရက် က မင်းမွှေထားတာ ဘယ်စာစောင် ဘယ်online သတင်း ကြည့်ကြည့် head line မှာပါနေတာကို ဘာတွေဖြစ်လဲ..ဟုတ်လား! video file တွေတက်လာတာအများကြီး... နှုတ်ခမ်းမွှေး မုတ်ဆိတ်မွေး လေး နဲနဲရှိနေတာနဲ့ မင်းရုပ်ကြီး မမှတ်မိတော့ဘူး ထင်နေလား.... Ah Jang ဒေါသထွက်နေသည် ဒီ၂ ရက်လုံး ဘာအလုပ်မှ လုပ်မရ fun တွေရဲ့ဖုန်းတွေပဲဖြေနေရသည် မဂ္ဂဇင်းတိုက်တွေကလည်း interview တွေ ဖြေပေးဖို့ ဖုန်းတွေခေါ်... မနက်မိုးလင်းကနေ ပြန်ခါနီးထိ ဖုန်းပဲဖြေနေရသည်

အချစ်ထောင်ချောက် Where stories live. Discover now