part-7

3.8K 413 8
                                    

Baekhyun သူ့ကိုလက်ဆွဲခေါ်သွားတာမို့ Chanyeol သူ့နောက်ကလိုက်သွားရင်း ရင်ထဲပန်းတွေပွင့်နေလေတော့သည်။

တစ်နေရာရောက်တော့ Baekhyun ရပ်လိုက်တာမို့ Chanyeol လဲလိုက်ရပ်လိုက်သည်။

Baekhyun တစ်ခုခုကိုစဉ်းစားနေတာမို့ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်လုပ်နေတာကို Chanyeol ကလဲသူ့နောက်ကထပ်ကြပ်မကွာလိုက်နေလေရဲ့...

Baekhyun ရုပ်တရပ်ဒီဘက်လှည့်လိုက်တော့ သူ့နောက်မှာရပ်နေတဲ့ Chanyeol ရင်ဘတ်နဲ့ Baekhyun ခေါင်းဆောင့်မိတော့သည်။

Baekhyun နာသွားတဲ့ခေါင်းကိုအသာကိုင်လိုက်ကာ..

"Yarr မင်းကဘာလို့ငါ့နောက်လိုက်နေတာလဲ?!"

"မသိဘူးလေ Hyun ကကျွန်တော့်ကိုခေါ်လာပြီးဘာမှမပြောဘဲ ဟိုလျှောက်ဒီလျှောက်လုပ်နေတော့ ကျွန်တော်လဲဘာလုပ်ရမှန်းမသိတာနဲ့ Hyun နောက်လိုက်နေတာ Hee"

သူ့အကျင့်အတိုင်းသွား 32 ချောင်းပေါ်အောင်ရယ်ပြပြီးပြောတဲ့ Chanyeol ကြောင့် Baekhyun ပြုံးမိပြန်သည်။
သူဟာတကယ်ဖြူစင်သူလေးပါလား...

"ဒါနဲ့လေ Hyun ကျွန်တော့်ကိုခေါ်လာတာဘာလုပ်မလို့လဲဟင်?"

"Aww အဲ့တာလား? ဘာမှမဟုတ်ပါဘူး..စောစောက Kim Young Min မင်းကိုအနိုင်ကျင့်နေတာကြည့်မရလို့ ခေါ်လာတာ"

"Aww Nae..."

"ကျစ်....မင်းကို Kim Young Min ကအဲ့လိုဘဲအနိုင်ကျင့်နေကြလား?"

"Nae..."

Chanyeol ခေါင်းလေးငုံ့ကာဖြေတော့ Baekhyun ဒေါသထွက်သွားမိသည်။

သူအစကတည်းက Kim Young Min ဆိုတဲ့သူကိုကြည့်မရပါ...သူ့စည်းကမ်းတွေကိုဖောက်ဖျက်တာကတစ်ကြောင်း...မယ်တော်ကြီးရဲ့လူယုံတော်ဖြစ်တာကြောင့်တစ်ဖုံသိပ်သဘောမကျလှပါ...

အဲ့လူကမယ်တော်ကြီးရဲ့လူယုံဆိုပြီး Baekhyun စကားဆိုအမြဲအလေးမထား...Baekhyun ကအပြစ်ပေးကြမ်းလို့သာ ကြောက်ပြီးသူ့ရှေ့ဆိုငြိမ်နေတာ...ကွယ်ရာဆို Baekhyun ရဲ့စည်းကမ်းတွေကိုတစ်ခုမှလိုက်နာသူမဟုတ်...

"မဖြစ်ဘူး...ငါနဲ့မင်းနဲ့ခင်တာသာသိရင် Kim Young Min ကမင်းကိုပိုပြီးအနိုင်ကျင့်လိမ့်မယ်..ပိုဆိုးတာက မင်းကဂိုလျောလူမျိုးဖြစ်နေတာဘဲ"

ချစ်ခြင်းဖွဲ့ အလင်္ကာWhere stories live. Discover now