ကြက်ခြေခတ်ထားတဲ့အက်ဆေး
လည်ဆံမွေးတဖွားဖွားနဲ့
ခြင်္သေ့တွေမာန်ဖီတိုင်း
တာဝေးပျံငှက်တစ်ကောင်
လေပွေမိတိုင့်း
အထိနာသလို
ဘဝက''ကမ္ဗဇ္ဘာ''နာတယ်……
ဘာများတတ်နိုင်အုံးမလဲလေ
လေဆန်ကိုနင်းမှတော့
အိပ်မက်တွေအညွန့်မကျိုးအောင်
မျှော်လင့်ချက်ကိုမီးစာမြင့်ရုံပေါ့
ကျွန်မကလေ
ခပ်ငွေ့ငွေ့အနာဂတ်
ခြေတစ်ရပ်စာရရုံလေးနဲ့
တူနှစ်ကိုယ်ပန်းဝင်ဖို့
သစ္စာကကြိုးတွေသ, နေခဲ့မိတာ
ဘင်ခရာတီးပွဲပိတ်သံကြားတော့မှ
ထမင်းလုံးတစ္ဆေခြောက်ခံရမှန်းသိတော့တယ်
အချစ်ဦးရေ…………
ဆုံမှတ်တွေလွဲမှတော့
အချစ်ဆိုတာကိုချဉ်ခြင်းမတက်တော့ဘူး
သီထားတဲ့စကားလုံးတွေကို
စာအုပ်ကြားညှပ်သိမ်းလိုက်တော့မယ်……
ဒီအကြောင်းတွေ မေမေ့ကိုပြောပြတော့
မေမေက
လောကဓံပါးဝနေတဲ့ပုံစံနဲ့
သိုသိုသိပ်သိပ်လေးပြုံးပြတယ်
ပြီးတော့………သူ့အသံချိုချိုတွေနဲ့ ရွတ်သံတွေ……
အဲဒီညက အိပ်မက်ထဲမှာ
ကျွန်မက
ရွှေအိုရောင်လည်ဆံမွေးဖွားဖွားနဲ့ခြင်္သေ့ကြီးကိုစီးလို့
အက်ဆေးတစ်ပုဒ်ကိုနားထောင်နေခဲ့တယ်……။ဝိုင်းဝိုင်း
YOU ARE READING
စတုဂံလွင်ပြင်
Poetryမင်းသုဝေ(စိန်ပန်းမြေ)၊ ဝိုင်းဝိုင်း၊Minsetwai၊ Snow Hninnတို့၏ ကဗျာကောင်းလေးများ