ဖန်​တီးယူ၍မရ​သော(...)?

1.1K 97 4
                                    


Hyung=​ဟျောန်း

ဟျောန်းရေ...............
ကျွန်​​တော့်​အချစ်​​တွေက ​ဟျောန်းအတွက်
လေးလံ​နေမှာစိုးတယ်​..........​ဟျောန်း၊
ကျွန်​​တော်​ ​နေခဲ့​ပေးရမလား ၊

ကျွန်​​တော့်​ရင်​ခုန်​သံ​တွေ ဆူညံ​ပေါက်​ကွဲ
လာတဲ့အချိန်​​လေ...............​ဟျောန်း၊
ကျွန်​​တော်​ ​ဟျောန်းကို ထားခဲ့ဖို့ကြိုးစားခဲ့တယ်​၊
ဟျောန်းရဲ့​လောင်းရိပ်​​အောက်​က ကျွန်​​တော်
လွတ်​ကင်းချင်​မိခဲ့တယ်​...........​ဟျောန်း၊
ဒါ​ပေမဲ့​လေ.....တသသနဲ့သာ တမ်းတခဲ့
ရတာပဲအဖတ်​တင်​တယ်​..........​ဟျောင်း။

'ချစ်​တယ်​'လို့တခွန်း​ပြောဖို့ ​ဟျောန်းဘက်​က
အကြိမ်​​ပေါင်းများစွာ ​တွေ​ဝေခဲ့​နေခဲ့တာ
ကျွန်​​တော်​သိ​ပေမဲ့ ဥ​ပေက္ခာပြုခဲ့ရ​သေးတယ်​၊

'ချစ်​တယ်​'လို့​ပြောဖို့ ​ဟျောန်း​တွေ​ဝေ​နေတာကို
ကျွန်​​တော်​ အပြစ်​မ​ပြောပါဘူး........​ဟျောန်း၊

'ချစ်​တယ်​'ဆိုတဲ့စကား​လေးနှစ်​လုံးကို တကယ်
ချစ်​မိမှ....ကျွန်​​တော့်​ရှေ့မှာ ရဲရဲဝင့်​ဝင့်​ကြီး
ပြော​ပေးပါ.........................​ဟျောန်း၊



🔥🔥🔥

အခု ကျွန်​​တော့်​ရင်​ထဲမှာ သဝန်​တိုခြင်း​တွေက
မီး​တောက်​တခုလို ​ပေါက်​ကွဲလုနီးပါး အရှိန်​ပြင်း
နေတယ်​.......................................၊

ချစ်​ခြင်း​တွေက စမ်း​ချောင်းငယ်​တခုလို
ငြိမ့်​ငြိမ်​​ညောင်း​ညောင်း မစီးဆင်း​နေပြန်​ဘူး

ခံရခက်​ခြင်း​ပေါင်းများစွာနဲ့...............
မချိတင်​ကဲဖြစ်​​နေတာ​တွေက ဆူပွက်​​နေတယ်​၊

စိတ်​မချခြင်း​တွေက ရင်​ဘတ်​ထဲမှာ
ပဲ့တင်​ထပ်​​နေတယ်​.....................၊

ဟျောန်းက တိုးတိုး​လေးငြင်းဆိုသည်​၊
နှစ်​ကိုယ်​ကြား​တောင်​ အားစိုက်​နား​ထောင်​ရတဲ့
ပါးစပ်​လှုပ်​ရုံတမျှ ဆည်းလည်းသံ​လေးက
တိုးတိုး​လေး ထွက်​​ပေါ်လာသည်​၊

XiuHan One Shot Collection💙Where stories live. Discover now