Part -7

4K 269 0
                                    

"Hy....Hyung...''

"Baek ကဘယ်​လိုလုပ်​ ဒီ​ရောက်​​နေတာလဲ ??? "

" အဲ့တာက....''

"မင်း မသိဘူးလား? သူငါတို့ဆီမှာ အလုပ်​လုပ်​​နေတာ​လေ''

Baek ​ပြောမယ့်​အလုပ်​မှာ Suho ကကြားထဲကဖြတ်​ဝင်​​ပြောလိုက်​တာ​ကြောင့်​ Baek စကား​တွေရပ်​တန့်​ခဲ့ရတယ်
Kris ကိုကြည့်​လိုက်​​တော့ မျက်​နှာပျက်​သွားသည်​....

ဟုတ်​ပါတယ်​​လေ ကိုယ်​နဲ့အလုပ်​လုပ်​​နေတဲ့သူက တခြားသူ
ဆီမှာ အလုပ်​ရသွားတာ​တောင်​မသိလိုက်​ဘူးဆို​တော့ Kris
စိတ်​မ​ကောင်းဖြစ်​သွားမှာအမှန်​ပင်​ ဒါကိုလဲ Baek ကြိုသိ
နေပါတယ်​......

" Aww ဟုတ်​လား? ငါအခုမှသိရတာ သူဒီမှာအလုပ်​လုပ်​​နေတယ်​ဆိုတာကို..... ''

" ဟုတ်​လား?  ကျွန်​​တော်​က Hyung သိမယ်​ထင်​တာ ''

" ထားပါ.... Hyung ပြန်​​တော့မယ်​ ''

"ဟမ်​....အခုမှ​ရောက်​တာ ပြန်​​တော့မို့လား ''

" Omm...​ခေါင်း​နောက်​​နေလို့ ပြန်​နားလိုက်​အုံးမယ်
နောက်​​နေ့ကျမှ ​တွေ့ကြတာ​ပေါ့ ''

" Nae...hyung ''

Chanyeol ဝင်​​ပြောလိုက်​​ပြီး​နောက်​ Kris လည်းအဲ့​နေရာ
မှာဆက်​မ​နေ​တော့ဘဲ ချက်​ချင်းပြန်​သွားခဲ့သည်​....
Baek လည်း Kris စိတ်​ဆိုးသွားပြီဆိုတာကိုသိတာ​ကြောင့်
ရှင်းပြဖို့ Kris ​နောက်​ကို​ပြေးလိုက်​သွားခဲ့​ပေမယ့်
ကားအမြန်​​မောင်းထွတ်​သွားတာ​ကြောင့်​ မမှီလိုက်​​ပေ။

"Hyung....  kris hyung ဘာဖြစ်​သွားတာလဲ?ဟို​ကောင်​​လေးက​ကော ဘာလို့​ပြေးလိုက်​သွားတာလဲ?"

"​အေးကွာ... သူတို့ပြသာနာတက်​သွားတာလားမသိဘူး
ကြည့်​ရတာ Baekhyun ဒီမှာအလုပ်​ဝင်​တာ သူ့ကိုမ​ပြော
ပြထားဘူးထင်​တယ်​ အခုမှသိ​တော့ သူစိတ်​ဆိုးသွားတာ
လားမသိဘူး?  "

" Kris hyung ကဘာစိတ်​ဆိုးစရာရှိလို့လဲ ?

" မင်းကလည်း သူတို့နှစ်​​ယောက်​ရဲ့ ပက်​သက်​မူက
ဘာ​တွေမှန်းမှမသိတာ.... ​နေပါအုံး မင်းကဘယ်​တုန်းက
သူများအ​ကြောင်းစိတ်​ဝင်​စားသွားတာလဲ?  "

My Honey ( Completed )Where stories live. Discover now