She is not...

2.2K 286 18
                                    

"ဖုန်းပေးထား။အပြင်မထွက်နဲ့ ၃ရက်လုံး ငါတို့နဲ့
ပဲနေ"

Hotelမှ အလုပ်မဖြစ်ပဲ ပြန်လာခြင်းအပေါ်
ထိုသို့သော တုံ့ပြန်မှုမျိုးကိုသာ ရသည်။နှိပ်စက်
ခြင်း ကန်ကြောက်ခြင်းတို့ ကင်းဝေးသော်ငှား
အလုံပိတ် Vip Roomထဲ ပြင်ပလောကနဲ့
အဆက်အသွယ်မဲ့လျက် ငြိမ်သက်လွန်းနေသည်
က ထိတ်လန့်ဖွယ်ရာ။

ဘာတွေ ဘယ်လိုကြောင့်လည်းမသိ။Rioပေါ်မ
လာ။အပေါင်းအပါတွေလည်း မတွေ့ရ။အချိန်တန်
စားစရာလာပို့သည်။
အပြင်လောကတွင် ဘာတွေဘယ်လိုဖြစ်နေပါ
သည်လဲ

"အဆင်​​ပြေလား Yuki"

၃ရက်​​မြောက်​​နေ့ Hotelဝင်းထဲလှပစွာဝင်​လာသူ
နောက်​ပါး​တော်​မြဲ​တွေသည်​ အိတ်​အကြည်​​ရောင်
စွတ်​ထား​သော အဝတ်​အစားတစ်​ချို့။

"သူ့ကိုနည်းနည်း​လေးပြင်​​ပေးလိုက်​။ပြောထားတဲ့
အတိုင်း"

"ဟုတ်​ကဲ့ မမ​လေး"

Boxအရှည်​တစ်​ခုကိုင်​ထား​သော မိန်းက​လေး
တစ်​​ယောက်​သည်​ ယု နားတိုးလို့ကပ်​ကာ
မှန်​​ရှေ့ထိုင်​ခိုင်း​တော့သည်​။

"လှလှ​လေး​နော်​။အထက်​တန်း ကျကျ အိမ်​က
မွေးလာသူတစ်​​ယောက်​လို"

ဆံပင်​​တွေအား ကလစ်​​တွေဖြင့်​ ညှပ်​ကာ ယု
ဝါဝါဝင်းဝင်း အသားအရည်​​ပေါ် Make up
ရည်​အချို့ စတင်​လိမ်းကျံ​တော့သည်​။

ဘာလို့ဒီလို​တွေလုပ်​လည်း ယု တွင်​​မေးပိုင်​ခွင့်
မရှိ။ခိုင်းထား​သော ကိစ္စဤတစ်​ခါလည်း မ​အောင်
မြင်​ခြင်းအ​ပေါ် ပြစ်​ဒဏ်​သင့်​ဟန်​မရှိ​ပေမယ့်
ခုကလည်း ရိုးရိုးသားသား​တော့ရှိဟန်​မတူ
ဖုန်းသိမ်းထား၍ ​ဖေ​ဖေနဲ့လည်း အဆက်​အသွယ်
မရ။ ​ဖေ​ဖေစိတ်​ပူ​နေလိမ့်​မည်​။ ​ဖေ​ဖေ့အ​ကြောင်း
တော့ ​မေးရလိမ့်​မည်​။
နောက်​ပြီး သူ​ကော Seoulကိုပြန်​သွားပြီလား?
ဘူဆန်​မှာပဲရှိ​နေ​သေးလား မသိရ။ အဲ့​နေ့က
သူ့ပုံစံ ​ဒေါသထွက်​​နေ​သော သူ့ပုံစံသည်​ အာရုံ
ထဲ ချဉ်းနင်းကာ ဝင်​လာ​တော့ ရင်​ထဲက​အောင့်
တက်လာရသည်​။

 Sasaeng Where stories live. Discover now