အခန်း ၂ ဘယ်သူပြောလဲ

2.3K 154 0
                                    

Peng Ze

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Peng Ze

•••••

ရဲစခန်းပြန်အရောက်မှာ အောင်နိုင်သူ Xia Yao ကို ကြိုဆိုဂုဏ်ပြုသူများနှင့် စည်ကားနေတယ်

"Xia Yao ငါ့လူကွ သုံးချီဆက်တိုက်နိုင်တဲ့ကောင်"

"တခြားဌာနတွေက မိန်းကလေးလုပ်ဖော်ကိုင်ဖက်တွေ မင်းနဲ့ ဓာတ်ပုံရိုက်ဖို့တောင် မစောင့်နိုင်ကျတော့ဘူး"

"ရဲအုပ်ကြီးတောင် မင်းရဲ့အောင်ပွဲအတွက် ပါတီပွဲကျင်းပပြီး ငါတို့ညီအစ်ကိုတွေနဲ့ ညစာစားချင်နေပြီ"

"..."

Xia Yao ဟာ ပွစိပွစိပြောနေကြတဲ့ လုပ်ဖော်ကိုင်ဖက်တအုပ်ရဲ့ ဝိုင်းရံခြင်းခံရတယ် ဒါပေမယ့် သူဘာမှ မပြောဘဲ တိတ်တိတ်လေးပဲ သူ့ပစ္စည်းတွေကို သိမ်းနေလိုက်တယ် ပြီးတော့ အတင်းပဲလုပ်ယူထားတဲ့ အပြုံးနဲ့ ပြန်ဖြေတယ် "ငါသိပ်နေလို့မကောင်းဘူး နောက်တချိန်ကျမှပဲ လုပ်ရအောင်"

အဲလိုပြောပြီးတဲ့ နောက်မှာ သူ့ပခုံးပေါ် ယူနီဖောင်းပစ်တင်ပြီး လှစ်ခနဲ ထွက်သွားတယ်

"ဟာ အဲဒီကောင် ဘာလို့ သိပ်နေလို့မကောင်းဘူးဖြစ်နေတာလဲ"

"ဟိုနိုင်ငံခြားသား သူ့ပထမဆုံးအနမ်းကို ခိုးသွားလို့ စိတ်မသက်မသာ ဖြစ်နေတာလားမသိဘူး"

"ဟ...ဟား... မင်းနောက်နေတာလား"

"..."

Xia Yao ရဲ့အိမ်ဟာ ဘုရင့်နန်းတော်ရဲ့ အောက်ခြေမှာရှိတဲ့ Wang Fujing[1] မှာတည်ရှိတယ် စုစုပေါင်း မီတာကွက်ရာချီအောင် ကျယ်တဲ့ အိမ်ဟာ တရုတ်ဇိမ်ခံအိမ်တွေရဲ့ ပြယုဂ်လို့ ဆိုနိုင်ပါတယ် ဒါပေမယ့် အိမ်ရဲ့ ဗိသုကာပုံစံအရ အခန်းက သုံးခန်းပဲရှိပါတယ် အားကစားရုံတခုစာလောက်ကျယ်တဲ့ ပင်မအိပ်ခန်းကြီးထဲမှာ ဧရာမကုတင်တလုံးဟာ အလယ်မှာ တည်ရှိနေတယ်
[1]: Wangfijiang ဟာ ဘေကျင်းရဲ့ နာမည်အကြီးဆုံး mall တွေထဲက တခုပါ

Advance Bravely မြန်မာဘာသာပြန် (Unicode)Where stories live. Discover now