ခွဲခွာခြင်း၏‌နောက်‌ကွယ်‌

729 107 48
                                    


ခွဲခွာခြင်းအ‌နောက်‌တွင်‌
မိုးရာသီသည်​...အကျည်းတန်​လွန်း​နေသည်။
ရွှံ ၊မိုးစက်​ ၊စိုစွတ်​မှု၊ ‌လေကြမ်းတို့သည်
ရက်​စက်​မှုအတိနှင့်​...လူတကာကို စိတ်​ပျက်​​စေသည်​။

အမှန်‌ပင်‌...၊
TaeHyung မိုးရာသီကိုမချစ်‌‌တော့‌ပေ။

မိုးသံကြားလျှင်‌ပင်‌
သတိရသည်‌။
လွမ်းသည်‌၊

လွမ်း‌သည့်‌စိတ်‌‌နောက်‌
‌ကြောက်‌ရွံလာသည်‌။

မိုးရာသီ၏ ခွဲခွာခြင်းအား
TaeHyung လက်‌မခံနိုင်‌‌သေး‌ပေ။

သူမရှိ​တော့သည်​မှာ...အခုဆို
တစ်​ပတ်​တိတိပြည့်​ပြီ။

မနက်​​လေးနာရီဆိုသည့်​အချိန်​ထိ
စိတ္တဇ ဆန်​ဆန်​....မိုးကာ အင်္ကျိတစ်​ခုနှင့်​..စကား​​ပြောမိသည်​။

အခန်းထဲရှိ..ပတ်‌ပတ်‌လည်‌...မျက်​နှာကျက်​တို့..
ပန်း​ရောင်​​ပြောင်းကုန်​ပြီ။

ပတ်‌ဝန်း‌ကျင်‌တွင်‌
အရာဝတ္တု
့ပစ္စည်း
အသုံးအ‌ဆောင်‌ ‌တွေ
နည်းသည်‌ထက်‌နည်းလာသည်‌။

အရင်‌လိုပစ်‌ခတ်‌
လွင့်‌ပစ်‌ ပစ်‌‌ပေါက်‌ကာ
‌သောင်းကျန်းရန်‌ အခွင့်‌မရှိ‌တော့။

သို့‌သော်‌ TaeHyung‌ဘေးတွင်‌
RainCoat‌လေး‌တော့အမြဲ ရှိ‌နေသည်‌။

ဝမ်းနည်းစရာ..
ဇာတ်‌လမ်းနှင့်‌ မိုးရွာတိုင်း
စကား‌ပြောဖြစ်‌သည့်‌ထို Rain coat‌လေးသည်‌ကျ‌နော့်‌အ‌ဖော်‌ ပင်‌။

စိတ်​​ရောဂါ..အ​ပျော့စားဟုသတ်​မှတ်​ထားသည့်
ကျ​နော်​သူ့အ​ပေါ်ချစ်​သည့်​..အချစ်​တို့သည်
ပြင်းထန်​သည်​ထက်​ပြင်းထန်​လာသည်​။

မိုးရွာလျှင်‌ TaeHyungတစ်‌‌ယောက်‌‌နေစရာပင်‌မရှိ၊
မိုးကာအင်္ကျီတစ်‌ထည်‌ ပိုက်‌လျက်‌၊
ပုန်း‌စရာ‌နေရာရှာသ‌ယောင်‌၊
ထွက်‌‌ပြေးပုန်း‌ရှောင်‌သ‌ယောင်‌ ထိန်း‌မရခဲ့သည်‌မှာ သူမရှိ‌တော့သည့်‌တစ်‌ပတ်‌ဆို‌သော အချိန်‌ထဲကပင်‌။

မနက်​တိုင်း​ဆေးတိုက်​ရန်​..​ရောက်​လာသည့်​ အိမ်အကူ‌‌အချို့၏...အကြည့်​တို့တွင်‌

You've reached the end of published parts.

⏰ Last updated: Jun 30, 2018 ⏰

Add this story to your Library to get notified about new parts!

RainCoatလေးကိုကျနော်ပြန်မပေးပါ||TK||Where stories live. Discover now