part-7

5.6K 398 29
                                    

"ချန်း!!"

ရင်​ခွင်​ထဲက..​ကောင်​​ငယ်​​လေး​ခေါ်သံ​ကြောင့်​..
သူကိုချစ်​မြတ်​နိုးစွာကြည့်​မိသည်​...

"ဟင်​..​ပြော​လေ..ဂျူံ​လေး"

အနည်းငယ်​နီရဲသွား​သော...​ကောင်​​လေးမျက်​နှာ

"ကိုကို..ကို​လေ..ကျ​တော်​တို့်​အ​ကြောင်း​ပြောပြလိုက်​ပြီသိလား??"

ထိုစကား​ကြောင့်​..ရင်​ခွင်​ထဲကသူကိုမြန်​ဆန်​စွာခွာထုတ်​လိုက်​ကာ..စိုးရိမ်​စိတ်​တို့ဖြစ်​​ပေါ်လာသည်​...

"​ပြော..​ပြောပြလိုက်​ပြီ..ဟုတ်​လား??"

"အင်း...ဘာဖြစ်​လို့လဲ...

"ဟင့်​အင်း...ဘာမှမဖြစ်​ပါဘူး..အဲ​တော့..ဂျူံ​လေးကိုကိုကဘာ​ပြောလဲ"

"ကိုကိုကဝမ်းသာသွားတာ​ပေါ့...ပြီး​တော့..ကိုကိုက​ပြော​သေးတယ်​...ချန်းကခုဘယ်​သူ​နေတာလဲတဲ့...မိဘ​တွေမရှိ​တော့ဘူးဆို​တော့
ကျ​တော်​လည်းသိချင်​တယ်​.."

ချန်း​ယောလ်​..လက်​ဖဝါးများ​အေးစက်​ကာ..

"အင်း..ကိုယ်​..ကိုယ့်​...အစ်​ကိုတစ်​​ယောက်​နဲ့
အတူတူ​နေတယ်​..."

"​အော်​...​နောက်​ရက်​ကျမိတ်​ဆက်​​ပေးအုံး​လေ
ကိုကို..ကိုလည်း..ချန်းနဲ့မိတ်​ဆက်​​ပေးမယ်​.."

ချန်း​ယောလ်​​ခေါင်းသာငြိမ့်​ပြလိုက်​သည်​..
စိုးရိမ်​တယ်​..ဂျူံ​လေး..ကိုကို..သိသွားမှာကို
သေချာ​ပေါက်​..ဂျူံ​လေးနဲ့ပတ်​သက်​​နေတဲ့ကျ​တော်​အ​ကြောင်း​တွေကိုစုံစမ်းမှာပဲ...

"ချန်း...ကျ​တော်​​လေ..ချန်းကိုသိပ်​ချစ်​တာပဲသိလား..ချန်းက..ကျ​တော်​ပထမဆုံးအချစ်​ဦး..ပထမဆုံးချစ်​သူ...အဲ့​တော့..ကျ​တော်​ကိုစိတ်​ကုန်​မသွားရဘူး​နော်​.."

က​လေးတစ်​​ယောက်​လိုဖြူ.စင်​တဲ့ဂျူံ​လေး
သူအ​ကြောင်းများသိသွားရင်​မုန်းတီးသွားမလား

"ကိုယ်​ကတိ​ပေးပါတယ်​..ဂျူံအင်​ကို..ကိုယ့်​ဘယ်​​တော့မှစွန့်​ပစ်​မသွားပါဘူးလို့..."

"ချန်း..စွန့်​ပစ်​သွားလဲ..ကျ​တော်​ကရ​အောင်​လိုက်​ကပ်​​နေမှာပဲ..အာ့ဒါကျ​တော်​ချန်းကို..အရမ်းချစ်​လို့.."

First.... [Completed]Where stories live. Discover now