**မီးစုန်းကပ်တဲ့ ပင်လယ်**

23 1 0
                                    

**မီးစုန်းကပ်တဲ့ ပင်လယ်**

ပင်လယ်က သူ့အလင်းနဲ့သူစိမ်းမြမလို့တဲ့
အမှောင်လွင်ပြင်ကိုကျောက်ချပြီး
ဒုတ် ဓား ပီးတဲ့စစ်သူရဲလို
ဒုန်းစိုင်းပြေးထွက်သွားတယ်.......

မိတ်ဆွေ
သင်ဒီနေ့မြင်နေရတဲ့ နေစာလှုံပင်လယ်ဟာ
ကံတစ်ပွက်မှာ ရေပက်ခံလိုက်ရလို့
ရင်ဟောင်းလောင်းနဲ့ ပါးဟက်ကြီးဟ ဟ ပြီး
အသက်ငင်နေပြီ
ကျေးဇူးပြုပြီး
မမြင်သလိုသာဖြတ်လျှောက်သွားကြပါ
သူ.ဒီနေ့ နေသေတာကိုကြည့်ပြီး
နောင်တမဲ့ ထွက်ခွာပြလိမ့်မယ်...။

                               ဝိုင်းဝိုင်း

စတုဂံလွင်ပြင်Where stories live. Discover now