ခွင့်

21 3 0
                                    

ခွင့်
===

ညို့ချက်ပြင်းလွန်းတဲ့
မျက်ဝန်းတွေနဲ့
ငါ့ရင်ခုန်သံတွေကို
သူ'နင်းခြေတယ်...

အဖွင့်/အပိတ်
အရမ်းလှပတဲ့
သူမ'နှုတ်ခမ်းသားထူထူရဲ့
စကားလေးတစ်ခွန်းကို
ခူးဆွတ်ချင်သူတွေက
သိပ်သိပ်သည်းသည်း...
ရိုးစင်းလွန်းတဲ့
ဆံနွယ်ရှည်ရှည်လေးတွေမှာ
ငါ့ရဲ့စိတ်ကူးယဉ်မူ့တွေကလည်း ဆွေးဆွေးမြေ့မြေ့ဖြစ်လို့...
အချစ်က
ဝှက်ဖဲတစ်ချပ်ဆိုရင်
ထပ်ခါတစ်လဲလဲ
တစ်ခုတည်းတောင်းဆိုပါရစေ...
နင့်အတွက်
ငါလေ(ပိုကာ)လေးပဲဖြစ်ခွင့်ရချင်တယ်..

မင်းသုဝေ(စိန်ပန်းမြေ)

စတုဂံလွင်ပြင်Where stories live. Discover now