ဒီမြို့ပြ

17 2 0
                                    

ဒီမြို့ပြ

*****

တနင့်တပိုး
ဆာလောင်နေတဲ့
ဒီမြို့ပြ...

အသောမတတ်နိုင်တဲ့
လောဘတွေနဲ့
ဒီမြို့ပြ...

ရောင်စုံတွေနဲ့ပေကျံနေတဲ့
မောဟတွေနဲ့
ဒီမြို့ပြ...

ကစဉ်းကလျားပြေးလွှားနေတဲ့
ဒေါသတွေနဲ့
ဒီမြို့ပြ...

ကလေးလုပ်အားတွေနဲ့
တန်ဆာဆင်ထားတဲ့
ဒီမြို့ပြ...

အသက်မပါတဲ့
အပြုံးတွေဝေဆာနေတဲ့
ဒီမြို့ပြ...

သူစိမ်းဆန်တဲ့
မိသားစုတွေနဲ့
ဒီမြို့ပြ...

တိုင်းတစ်ပါးယဉ်ကျေးမှုတွေနဲ့
ရှက်ကြိုးပြတ်နေတဲ့
ဒီမြို့ပြ...

တချုံးချုံးကျနေတဲ့
စိတ်ဓာတ်တွေနဲ့
ဒီမြို့ပြ...

နီယွန်မီးရောင်အောက်မှာ
မှောင်နေတဲ့ဘ၀တွေများစွာနဲ့
ဒီမြို့ပြ...

မိုးထိမြင့်အထပ်များစွာကြား
ကျူးကျော်တဲများစွာနဲ့
ဒီမြို့ပြ...

အကာလှလှနဲ့ကွပ်ထားတဲ့
အနှစ်ဗလာ
ဒီမြို့ပြ...

ဟန်ဆောင်ကောင်းလွန်းတဲ့
မေတ္တာတုတွေထုံမွှမ်းထားတဲ့
ဒီမြို့ပြ...

ဒီ...မြို့...ပြ... တဲ့
မန်းမှုတ်စရာမလိုဘူး
မီးခွက်ပွတ်စရာမလိုဘူး
နတ်တင်စရာမလိုဘူး
ဂါထာရွတ်စရာမလိုဘူး

ဒီမြို့ပြကြီး
တရိပ်ရိပ်နဲ့
အသွင်ပြောင်းနေလိုက်တာများ.....

Snow Hninn
30 March 2016
5:23PM

စတုဂံလွင်ပြင်Where stories live. Discover now