Baozi is so cute and sexy 1

317 42 6
                                    

Baozi is so cute and sexy…

Why is one human cute and sexy at a time?
What did he eat?
What did he do to all his fan?
Kim Min Seok, Why are you so pure like this?
…………………………………………………………………………………

ဒီနေ့ EXO dorm မှာတော့ SM Town in Japan အတွက်
airport ဆင်းဖို့ရန် baozi အလှဆင်ရေးလုပ်ငန်းနဲ့လုံးပန်းနေကြ
တာကြောင့် ညနေခင်းတစ်ခုလုံး ဆူညံပွက်လောရိုက်နေတော့တယ်…

"မင်ဆော့ဟယောင်း…ဒီလက်စွပ်လေးစွပ်ကြည့်……"

"အဲ့ဒါ မင်းနဲ့ချန်းယောနဲ့ဆင်တူဝတ်ဖို့မဟုတ်ဘူးလား ဘတ်ခ်ဟွန်းရဲ့"

"ဘာဖြစ်လဲ…အဲ့လောရှည်မှာဝတ်စရာတွေအများကြီး…ဆူဟိုဟယောင်းနော်…
ပြောတော့ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့…ဟယောင်းကရော မင်ဆော့ဟယောင်း
အခန်းမှာဘာလာလုပ်နေတာလဲ?"

"အင်…ငါ့ဟာငါဘာလာလုပ်လုပ်ပေါ့…ငါကအင်္ကျီလဲပြီးပြီ…အဆင်သင့်ပဲ…
မင်းသာဘာမှမလုပ်ရသေးတာ…ရေရောချိုးပြီးရဲ့လား?"

"ဟယောင်း………ရေချိုးပြီးပြီနော်…လာမွှေးကြည့်ပါလား?"

"တော်ကြပါတော့ကွာ……မင်းတို့နှစ်ယောက်လုံး ကိုယ့်အခန်းကိုယ်ပြန်ကြတော့
ဆူဟို…မင်းအကုန်ပြင်ပြီးပြီဆိုရင်လည်း အဲ့မှာဘတ်ခ်ဟွန်းဘာမှမလုပ်ရသေးဘူး
သူ့ဝိုင်းပြီးပြင်ပေးလိုက်…ဒီဘက်ကူးကူးလာပြီး မင်ဆော့ပဲလာပြင်ပေးဖို့စဉ်းစား
မနေနဲ့…မင်ဆော့ကဘာမှသိပ်ပြင်တာမဟုတ်ဘူး…ဘတ်ခ်ဟွန်းကိုသာ အိုင်းလိုင်နာ
ဝိုင်းဆွဲပေးလိုက်…"

"ရား…ဝူရီဖန်…ငါကဘာလို့ဆွဲပေးရမှာလဲ?"

"ကျွန်တော်လည်းမဆွဲခိုင်းပါဘူးနော်…ဟွန့်…မင်ဆော့ဟယောင်းကိုပဲဆွဲရင်ဆွဲခိုင်းမှာပေါ့…"

"အ!ဘတ်ခ်ဟွန်း…ဟယောင်း သူများကို အိုင်းလိုင်နာမဆွဲပေးတတ်ဘူး…"

"ဟယောင်းကလည်း…ကျွန်တော်မဆွဲခိုင်းပါဘူး…စကားအဖြစ်ပြောတာပါ…ကျွန်တော်
ဟယောင်းကိုဆွဲပေးမယ်လေ…"

"အ…အ…အားး!"

ပြုံးစိပြုံးစိမျက်နှာပေးနဲ့ မင်ဆော့ဘေးအတင်းကပ်သွားတဲ့ ဘတ်ခ်ဟွန်းကို ခရစ် တစ်ယောက်
နားရွက်ဆွဲပြီး ဆူဟိုဘေးအတင်းတိုးပို့လို့ အခန်းထဲကမောင်းထုတ်လိုက်ပါတယ်…

Baozi is the Best......Where stories live. Discover now