Ep.3

1.2K 107 9
                                    

Fany - " Appa ဒီကိစ္စကိုတော့ Fany လုံးဝ
မကျေနပ်နိုင်ဘူးYul oppa နဲ့ဆွေးနွေးမှဖြစ်တော့
မယ် ဒီလို ရိုင်းစိုင်းတဲ့ဝန်ထမ်းတစ်ယောက်ကို ဘာလို့
ဆက်ပြီး အလုပ်ခန့်နေဦးမှာလဲ.? Appa လဲ လိုက်
မယ် မဟုတ်လား...? "

Mr.H - " Kim Yul ဆီ သမီးသွားစရာမလို
တော့ဘူး...ဒီနေ့ Appa တို့ အိမ်မှာ သူတို့ ညီအစ်ကိုနှစ်ယောက်ကို ထမင်းစားဖိတ်ထားတယ် "

Fany - " Yul oppa တို့ ညီအစ်ကိုဆိုတာ အခု Fany အလုပ်လုပ်နေတဲ့ company ပိုင်ရှင်ကို
ပြောတာလား.? Appa "

Mr.H - " ဟုတ်တာပေါ့ သမီးရဲ့ သူတို့ ညီအစ်ကိုက သိပ်အလုပ်ရှုပ်တာ သူ့ညီလေးဆိုရင်လည်း အသက်ငယ်ငယ်နဲ့ အောင်မြင်နေတာလေ ဟိုးကလေးဘဝတည်းက နိုင်ငံခြားမှာပဲ ကျောင်းတက် အဲ့ဒီကပဲ ဘွဲ့ရခဲ့တာလေ "

Fany - " အခုရော Yul oppa ညီက ဒီကို ပြန်ရောက်လာပြီလား.? "

Mr.H - " ဟေ!!!! ပြန်ရောက်လို့တောင် company ကို ဦးစီးနေပြီပဲ "

Fany - " ဟာ မဟုတ်ဘူး Appa ရဲ့ သူက နောက်ကွယ်ကနေပဲ Yul oppa ကို ဘာလုပ်ရမယ်ဆိုတာကို ညွှန်ပြနေတာ သူက နိုင်ငံခြားမှာတဲ့ "

Mr.H - " သမီးကို ဘယ်သူပြောလဲ.? "

Fany - " Yul oppa ကိုယ်တိုင် အလုပ်စဝင်တဲ့
နေ့ကတည်းက ပြောတာလေ...အခုဆိုရင် တစ်လတောင် ကျော်နေပြီ "

Tiffany တို့ သားအဖနှစ်ယောက် စကားကောင်းနေစဉ်မှာပင် ဆင်ဝင်အောက်သို့ ထိုးရပ်လာသော အဖြူရောင်ကားကြီးတစ်စီး...
ကားထဲမှ Yul က သားဖြစ်သူအား လက်ဆွဲရင်း ဆင်းလာသည်။

Mr.H - " လာ Kim Yul ဒါနဲ့ မင်းညီလေးရော "

Yul - " လာပါလိမ့်မယ် Uncle ညီလေးက နည်းနည်းအလုပ်ရှုပ်တော့ နောက်ကျမယ်လို့ ကျွန်တော့်ကို မှာလိုက်ပါတယ် "

Mr.H - " ဒါဆို မင်းညီလေးက ဒီမှာတော့ ရှိပါတယ်နော် "

Yul - " ရှိပါတယ် Uncle ရဲ့ ဘာများဖြစ်လို့လဲ.? "

Fany - " ဟင် Yul oppa ပဲ အလုပ်စဆင်းတဲ့ နေ့က ပြောတော့ Yul oppa ညီက နိုင်ငံခြားက အလုပ်မှာ အရေးပေါ် ph ဆက်လို့ လိုက်သွားရတယ်ဆို...ဒါဆို Yul oppa လိမ်ပြောတာလား.? "

Mr.H - " ဟဲ့ သမီး ဘယ်လိုပြောလိုက်တာလဲ "

Yul - " ရပါတယ် uncle ဝန်ထမ်းတွေကို လိမ်ထားသလို ဖြစ်သွားတာပါ "

💖ကိုယ့်ရဲ့ ချာတိတ်​​လေး💖Where stories live. Discover now