Chapter ( 2 )

24.8K 1.4K 32
                                    

မြန်မာ့ရုပ်ရှင် အကယ်ဒမီပွဲကြီးဟာ မြန်မာနိုင်ငံရဲ့ အကြီးအကျယ်ဆုံး ပွဲကြီးဖြစ်သောကြောင့်
တစ်တိုင်းပြည်လုံးက စောင့်ကြည့်ရတဲ့ပွဲကြီးတစ်ခု။
တက်ရောက်လာကြသော မင်းသားမင်းသမီးတွေ အကုန်လုံး  အနီရောင်ကော်ဇောထက်ဝယ်
တဖွဲဖွဲ လျောက်လှမ်းလာကြတယ်။ ထိုစဉ် အနက်ရောင် မာစီတီးကားကြီးရဲ့ တံခါးကိုဖွင့်ပြီး ခြေတလှမ်းချလိုက်ရင်ပဲ သတင်းထောက်တွေ၊ media တွေအကုန်လုံး
ရဲ့စိတ်ဝင်စားမှုက သူ့ဆီရောက်ကုန်ကြတယ်။

ကားထဲကနေ သူ ထွက်လာနဲ့ ရှိရှိသမျှသတင်းထောက်တွေအကုန်၊ Camera men တွေမကျန်၊ interview လုပ်လက်စ မင်းသမီး၊မင်းသားတွေ ကိုပစ်ပြီး သူရှိရာဆီ
မြန်မြန်ပြေးသွားကြလေတော့တယ်။

သူဆိုတာ ဘယ်သူလဲဆိုတော့ မြန်မာနိုင်ငံမှာသာမက Asia မှာပါ နာမည်ကြီးနေတဲ့ ရုပ်ရှင်မင်းသားလေး
မာန်ခပဲ။ ရုပ်ရှင်မင်းသား တစ်ယောက်ရဲ့ ရုပ်ရည်ဆိုတာ
ဒီလိုပါလားလို့ ပြောစမှတ်ပြုရလောက်အောင် မာန်ခက သန့်ပြန့်ချောမောလျက်ရှိတယ်။
၅ ပေ ၁၁ ရှိသော အရပ်အမောင်းနဲ့ မြန်မာ ဝတ်စုံကို style ကျကျဝတ်ကာ ကော်ဇောနီထက်ကို
ဝင့်ဝင့်ကြွားကြွား လျောက်လှမ်းလာတဲ့ မာန်ခဘေးမှာ Camera တွေတချပ်ချပ်။ Bakground Acadamy Board ရှေ့မှာ ရပ်လိုက်ရင်ပဲ interview ဖို့ media တွေ ရောက်လာကြတယ်။

''ဟုတ်ကဲ့ ကိုမာန်ခ အနေနဲ့ ဒီနှစ် အကယ်ဒမီ အတွက် ရင်ခုန်သံလေးလဲ ပြောပေးပါဦး ''

'' ပုံမှန်ပါပဲ ''

အဲလိုချေတေတေဖြစ်နေသောကြောင့် နာမည်ကြီး နံပါတ်တစ်မင်းသားဖြစ်ပေမဲ့  သူ့ကိုချစ်တဲ့သူက
ခပ်နည်းနည်း၊ မုန်းကြသူကများတယ်။
အထူးသဖြင့် အခုလို သတင်းထောက်တွေ
paparazzi တွေက သူ့ကို ပိုချဉ်ကြတယ်။

“ ဟုတ်ကဲ့ ။အားလုံးက ထင်ကြေးပေးနေကြတယ်ပေါ့နော်။အကိုနဲ့ ဇာတ်ကားတစ်ကားထဲမှာ တူတူအပြိုင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား နေသွေးလဲ ရမယ် လို့ ပေါ့ ။အဲ အတွက်လဲ ဘာများပြောချင်ပါသေးလဲ ''

အဲမေးခွန်းကိုမေးလာသော သတင်းထောက်အား စူးရှစွာ တချက်ပဲကြည့်လိုက်တာ  ဆက်မမေးတော့ဘဲ
တိတ်သွားတော့တယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now