***မျော.......***

25 2 0
                                    


***မျော.......***

ဟင်းလင်းဖွင့်ထားတဲ့ အခန်းထဲမှာ......
အသံပျောက်နေတဲ့ နာရီလက်တံ တစ်ခု
ဘောင်ခတ်ခံထားရတဲ့
""စိမ်းစိမ်းလန်းလန်း"'ပန်းချီကားတစ်ချပ်
မျက်ဝန်းနက်တစ်စုံမှာ စိုက်ဝင်နေတဲ့
မျှော်လင့်ချက်တန်းလန်းများ

အဖွင့်အပိတ်ညီညာလှပတဲ့ နှင်းဆီဖူးလေးရဲ့
ဝါကြန့်ကြန့် ရယ်သံများ

နာမည်တစ်ဖြစ်လဲ  ကဗျာများ

ကျိုးကျနေတဲ့ ဆေးလိပ်ပုံ ပြာများ  အငွေ့များ

မှောက်လှဲထိုးအိပ်နေတဲ့ ဖန်ခွက်များ

ကီးလွတ်နေတဲ့ ရင်ရိုက်သံများ

အနားသတ်မရတဲ့ အတွေးစများ

အလွမ်းသင့် ကြက်သီးဖုကလေးများ

ပေါင်းမသင်ဖြစ်တဲ့  စရိုက်များ

အပြန့်လိုက် လွတ်ကျသွားတဲ့အိပ်မက်များ

အမှည့်လွန် ညများ
အား..လုံး...ဟာ
တိုးလို့တွဲလောင်း
ဟင်းလင်းဖွင့်ထားတဲ့ အခန်းထဲမှာ
ထိုင်းထိုင်းမှိုင်းမှိုင်းမျောနေကြတယ်..။

                                                ဝိုင်းဝိုင်း

စတုဂံလွင်ပြင်Where stories live. Discover now