H.B=24

11.7K 1.4K 99
                                    

ကျ​နော်​ အလယ်​တန်း​ကျောင်းသားဘဝအိမ်​ပြန်​လာချိန်​...တ​ယောက်​မှရှိမ​နေတဲ့ အိမ်​ကဆီးကြိုလို့...

လျစ်​လျူရှုခဲ့လိုက်​ပါတယ်​..ဒါဖြစ်​​နေကျ ကိစ္စပဲဟာ..တ​နေကုန်​ ​ဖေ​ဖေက Companyသွားတတ်​တာပဲ​လေ..၊ကျ​နော့်​မိ​ထွေးကို​တော့ ကျ​နော်​ စိတ်​မဝင်​စားခဲ့..။သူမဘာသာဘာလုပ်​လုပ်​...

မိခင်​တ​ယောက်​လိုမျိုး အမြဲလာကြိုရှာပါတယ်​..၊ကျ​နော်​ အိမ်​ပြန်​​ရောက်​တိုင်း.."သားကြီးပြန်​လာပြီလား??စာလိုက်​နိုင်​ရဲ့လား??"..ဆိုပြီး ကျ​နော့်​ဆီက တုန့်​ပြန်​မှု မရ​ပေမယ့်​လည်း သူမ အမြဲကျ​နော့်​ကို​မေး​နေကြ..။

ဒါ​ပေမယ့်​..အဲ့​နေ့က အဲ့လို​မေး​နေကြ..ဆီးကြို​နေကြ သူမ ကျ​နော့်​ကိုလာ​မေး​ဖော်​မရခဲ့ပါဘူး...

ဧည့်​ခန်းကိုဖြတ်​​ကျော်​ပြီး အ​ပေါ်ထပ်​ကို တက်​မယ်​လုပ်​မှ ထမင်းစားခန်းထဲက​နေ ကြားလိုက်​ရတဲ့ ကျ​နော့်​​ဖေ​ဖေ​နောက်​အိမ်​​ထောင်​အမျိုးသမီးရဲ့အသံ..တနည်းဆို​သော်​..ကျ​နော့်​ အငယ်​​လေးအ​မေရဲ့ စကား​ပြောသံ

မရှင်းမလင်းကြား​နေရတဲ့ သူမအသံက တစုံတ​ယောက်​နဲ့ ဖုန်း​ပြော​နေသ​ယောင်​...

သူများဖုန်း​ပြော​နေတာကို နားမ​ထောင်​ချင်​တဲ့ ကျင့်​ဝတ်​တခုအရ ကျ​နော့်​ ​ခြေလှမ်း​တွေ​ရှေ့ဆက်​ဖို့ပြင်​လိုက်​​သော်​ငြား..ကြားလိုက်​ရတဲ့ စကား​ကြောင့်​ လူက ထမင်းစားခန်း​ရှေ့ ​ကျောက်​ချသလိုရပ်​သွားမိခဲ့တာ..

ကျ​နော်​ မှတ်​မိ​နေ​သေးတယ်​..အဲ့တုန်းက သူမ​ပြောခဲ့တဲ့ စကား​လေးကို...

"Baekhyuneeကို ဘာကိစ္စ​ပေးရမှာလဲ??"..တဲ့..

ဖြူဖြူ​ဖွေး​ဖွေး​၇နှစ်​အရွယ်​က​လေးတ​ယောက်​..ကျ​နော့်​မျက်​စိ​ရှေ့တင်​ကြီးပြင်းလာတဲ့ ​ကောင်​​လေးတ​ယောက်​ကို တစုံတ​ယောက်​ဆီ မ​ပေးချင်​လို့ အသည်းအသန်​ငြင်း​နေတဲ့ သူ့​မေ​မေအသံ​တွေ​ကြောင့်​ ကျ​နော်​ ကိစ္စအားလုံးကို သိချင်​စိတ်​နဲ့ ထမင်းစားခန်း​ပေါက်​ မလှုပ်​မယှက်​ရပ်​ငြိမ်​​နေခဲ့မိတာ...

Half-Brother(Chanbaek-yaoi)[Completed]{Zawgyi+Unicode}Where stories live. Discover now