ဖြတ်

23 3 0
                                    


ဖြတ်

လှပတဲ့ပန်းချီကားတစ်​ချပ်​ကို သူမ​ဆေး​ရေးခြယ်​နေတယ်
ဒါ​ပေမယ့် ပုံပြင်​တစ်​ခုက ရစ်​ပတ်​နွယ်​နေတယ်
သူမရဲ့​ဆေးခြယ်​တံ က သူမရဲ့သင်​တုန်းဓား
သူမရဲ့ကင်းပတ်​စဟာ သူမရဲ့လက်​​ကောက်​ဝတ်​အလား
လှပစရာ​ကောင်း​အောင်​ သူ​ရေးဆွဲ
အ​ရောင်​ကို သွေးနီရောင်ခြယ်
စုတ်​တံကို ချွန်​ထက်​မြ​နေ​အောင်​အသုံးပြုလို့
နောက်​ဆုံးမှာ ​သေခြင်းနဲ့ အဆုံးသတ်​ပြ​တော့
လှပတဲ့ပန်းချကားဟာ
ယာယီတံဆိပ် စွဲကပ်နေရောပေါ့...။

လက်​​ကောက်ဝတ်ပေါ်
ဖြည်းဖြည်းချင်းတင်​ကြည့်ပြန်တယ်
သူမ ​သွေးမ​ကြောင်​ခဲ့ပါဘူး
နာကျင်​မူကိုလည်း မကြောက်ပါဘူး
သူမရဲ့အလှပဆုံးပန်းချီကိုသာ သူမ​ဆေး​ရေးခြယ်​နေတယ်
အစင်းကြောင်း အစင်းကြောင်းတွေနဲ့တဲ့
ပုံပြင်​တစ်​ပုဒ်​က​တော့ ရစ်​ပတ်​နွယ်​နေတာပေါ့
မင်းလည်းမြင်​မှာပါလေ..
သူစိတ်​ထဲမှာ ဓားရှိနေတာဟာ
သူနှလုံးသားဟာ လက်​​ကောက်​ဝတ်​အလားပါပဲ.....။
ယခုကဗျာသည်   wattpadမှ     ​Caliske-XP၏ ကဗျာတစ်ပုဒ်အား ပြန်လည်ခံစား ရေးဖွဲ့ထားခြင်းဖြစ်သည်။
              minsetwai

စတုဂံလွင်ပြင်Where stories live. Discover now