part7

2.1K 192 3
                                    

Hotel ရဲ့ နားနေခန်းမှာ ခေါင်းငိုက်စိုက်ကျပြီး
ခပ်အုပ်အုပ်ဆံပင်တွေကြား
လက်ချောင်းများထိုးထည့်ကာ
လေပူများကိုမှုတ်နေသော chanyeol
လက်တဖက်မှ ကိုင်ထားသော
နိုင်ငံတော် တံဆိပ်ခေါင်းပါသည့်
အကြောင်းစာစာရွက် လေးသည်
သူ၏ ရင်ကိုလေးလံစေသည်။
ထိုစာရွက်လေးမှအကြောင်းစာသည်
တောင်ကိုရီးယားနိုင်ငံသားတိုင်း
တချိန်ချိန် ကြုံတွေ့ရမဲ့ နိုင်ငံတော်ရဲ့
စစ်မှုထမ်း အကြောင်းလွှာ ။
ပြင်ဆင် ချိန် က၂ပတ် ။
သူ့ရင်ထဲ ဘာကိုတွေးပူးနေလဲဆိုတာ
သိသာလှသည်။ Kyungsooရဲ့
နောက်ဆုံး wish list လေးကိုဖြည့်စည်း
ပေးဖို့မှာ အချိန်တိုင်းတာရအရမ်းစော
လွန်းသည် ။
အချစ်တို့ဖြစ်ပေါ်ရာတွင် အချိန်တခုသည်
မရေးမပါပေမဲ့ ထိုအချိန်တခုသည်
ယခုတော့ သူ့အတွက်အရမ်းပါလှသည်။
ထို့ကြောင့် သူ့ဆုံးဖြတ်တခုကို
ပြတ်သားစွာဆုံးဖြတ်ခဲ့သည်။
:
:
:
:----------------
   Hotel ရဲ့ နားနေခန်းထဲသို့ ကျေားပိုးအိပ်
လေးလွယ်ကာ မပြေးရုံတမယ် လျှောက်
လာသောခြေလှမ်းများ က လောကကြီး
မှ ထွက်ခွါသွားရမဲ့ ခြေလှမ်းတွေရဲ့အစ
လား ။ ထိုကောင်လေးရဲ့ နောက်ဆုံးကျန်
ချိန်တွေကို သူ့ အားလွမ်းစွတ်တမ်းတမှုတွေ
နဲ့ အဖေါ်မပြုစေချင် ။ ထိုသို့တွေးလိုက်မိ
တော့ ဆုံတွေ့ချိန် ခဏတာကို ကျေးဇူးတင်
မိသည် ။ အနည်းဆုံးတော့ Kyungsoo
ကို ရင့်သန်တဲ့ နှောင်ကြိုးတွေ ရဲ့ရစ်နွယ်
မှုကို လျော့စေတာပေါ့ ။
သူ၏အတွေးတို့ကို ရုတ်သိမ်းလိုက်စဉ်
ရင်ခုန်သံဖြစ်တည်ရာလေးသည် သူ့နား
ရောက်လာသည်။

''ခင်ဗျားကြီး ခုထိဘာမှ မပြင်ရသေးဘူးလား မြန်မြန်လုပ်ဗျ ကျွန်တော် အဲ့ဆီကို
မြန်မြန်ရောက်ချင်လှပိ ''

''အမလေး ဖြစ်နေလိုက်တာ ခုချက်ချင်းသွား
လို့ရပါပြီ door men ကို ဂိုထောင်က
ကားသွားထုတ်ခိုင်းထားပါတယ် ''

''ဟီး အဲ့လိုလား ဟိုရောက်ရင် ခင်ဗျားကြီး
ဘန်ဂျီခုန်(အမြင့်ခုန်) တာကြည့်ချင်တယ်
ခုန်မယ်မို့လား ''

''အားအားယားယား ငါကဘာလို့ခုန်ရမှာလဲ
အဲ့ဒါ မင်း Wish list ထဲပါတာလေ
အဲ့တော့ ခင်ဗျားလေးသာ စိတ်ကြိုက်ခုန်ချ''
Chanyeol စကားကြောင့် မျက်နှာဖောင်းဖောင်း
ပြည့်ပြည့်လေး တဖက်လှည့်သွားကာ
တီးတိုးစွာရေရွတ်လိုက်သည်က

Wish list[completed]Where stories live. Discover now