နွေဦး

17 1 0
                                    

နွေဦး
****

အော် နွေရေ...
ဥသြကနွေကြိုတေး
မသီကျူးရသေး
တကူးတကကို
နွေပုံစံဖမ်းနေလိုက်တာ
ငါတို့တွေ
အပြိုင်းပြိုင်းတွေဖြစ်လို့...

ခရမ်းလွန်ဇာပ၀ါတွေနဲ့
လောကတခွင်
ဖြန့်ကျက်ထားလိုက်တာ
အရိပ်ထဲမှာတောင်
ချွေးဒီးဒီးကိုကျလို့...

နွေရေ...
နွေစစ်စစ်ချိန်ခါတောင်
လိုနေသေးလျက်က
နွေအကြောင်း
ညွှန်းဆိုပြနေလိုက်တာ
နွေဦးမှာ
ငါတို့တွေ
ကမ်းပေါ်ရောက်ငါးလို
လွန့်လွန့်ကိုလူးလို့...

Snow Hninn
11 March 2016
4:59PM

စတုဂံလွင်ပြင်Where stories live. Discover now