Chapter - 22

1.2K 104 8
                                    

Taeyeon တစ်ယောက် ကနေတဲ့ Santa Clause တွေ ဟိုဒီလျှောက်သွားနေတဲ့ လူတွေကြားထဲကနေ ဖြတ်ပြေးနေရင်းနဲ့ နှလုံးခုန်သံ အရမ်းကို မြန်ဆန်နေတယ်

"Sorry." Taeyeon က သူဝင်တိုက်မိလိုက်တဲ့ ကလေးလေးကို ဆွဲထူပေးရင်း တောင်းပန်လိုက်တယ်။ ပြီးတော့ အဲ့ဒီ ကလေးလေးပြုတ်ကျသွားတဲ့ ဗူးကို ကောက်ပေးပြီး "Merry Christmas kiddo." လို့ပြောပြီး ဆက်ပြေးထွက်သွားတယ်။

လွန်ခဲ့တဲ့ မိနစ် ၃၀ ခန့်က

သူများတွေက ပြောကြတယ် အချစ်ဆိုတာက ချိုခါးကြီးတဲ့။ တစ်ခါတစ်လေကျရင် ချိုမြိန်လွန်းလို့ ကမ္ဘာကြီးပေါ်မှာ ကိုယ်နဲ့ ကိုယ့်ချစ်သူနဲ့ပဲရှိနေတယ်လို့ ထင်ရတယ်။ တစ်ခါတစ်လေကျတော့လည်း ခါးသက်လွန်းတော့ ကိုယ့်ချစ်သူနဲ့ ရှိခဲ့တဲ့ ချိုမြိန်တဲ့ အမှတ်တရတွေအကုန်လုံးကို မေ့ပျောက်ချင်မိတယ်။ တစ်ခါတစ်လေကျတော့ ပျော်ရွှင်မိတယ်။ တစ်ခါတစ်လေကျတော့ နာကျင်လွန်းလို့ အဲ့ဒီ ခံစားချက်တွေအကုန်လုံးကို မေ့ပျောက်ပစ်ချင်မိတယ်။ သူ အခုခံစားနေရတာလည်း အဲ့လိုခံစားချက်မျိုးပဲလေ။ အချစ်က သူကို အသက်ရှင်နေထိုင်ရတာကို ပျော်ရွှင်စေမိတယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီအချစ်ကြောင့် သူ အရမ်းကို ခံစားနေရတယ်။ သူ အခုလိုခံစားနေရတဲ့အတွက် အချစ်ကို အပြစ်တင်ချင်နေမိတယ်။ ဒါပေမယ့်လည်း အချစ်က ဘာအမှားမှမလုပ်ခဲ့ဘူးလေ။ လူတွေကပဲ အမှားတွေလုပ်ကြတာ။

သူက အမှားလုပ်ခဲ့တယ်လေ။ သူ့ဘဝမှာ သူ အချစ်ဆုံးသူကို ၂ ကြိမ်တောင် သံသယဝင်ခဲ့တယ်။ သူများတွေက သူ့ကို တုံးတယ် အတယ် ငကြောက် ဆိုးသွမ်းတဲ့သူလို့ ပြောရင်တောင် သူ မငြင်းဆန်လိုဘူး။ သူက အဲ့ဒီလိုလူ ဖြစ်နေလို့ပဲလေ။ သူ အရင်တုန်းက နောင်တရခဲ့ရတဲ့ အရာက သူ့ချစ်သူရဲ့ အချစ်ကို မယုံကြည်ခဲ့တာလေ။ အခုလည်း နောက်ထပ်နောင်တတစ်ခုထပ်ရရပြန်ပြီ။ သူ နောင်တအရဆုံးအရာပေါ့လေ။ အဲ့ဒါကတော့ သူ သူ့ချစ်သူကို ဒုတိယအကြိမ့်လက်လွှတ်လိုက်တာပဲ။

အခု သူ ဒီမှာ ငိုနေတယ်။ သူ့ချစ်သူအတွက် ငိုနေတယ်။ သူ သူ့ရဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရပြီလေ။ မျက်ရည်တွေကုန်ခမ်းသွားတော့မလားလို့ ထင်ရအောင်ကို မျက်ရည်တွေက ဆက်တိုက်ကျဆင်းနေတယ်။ သူ လက်ထဲက ဆွဲပြားလေးကို ကြည့်လိုက်တယ်။ ဒါက သူ Jessica ကို ပေးခဲ့တဲ့ လက်ဆောင်လေးလေ။ ဒါပေမယ့်လည်း ကြည့်ရတာ အဲ့ဒီဆွဲပြားကို တကယ်လိုအပ်တဲ့သူက သူကိုယ်တိုင်ဖြစ်နေတယ်။ သူ မျက်ရည်တွေသုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။

Second ChanceWhere stories live. Discover now