အချဉ်ပေါက်သွားတဲ့စိတ်

27 3 0
                                    

အချဉ်ပေါက်သွားတဲ့စိတ်
********************
ထိုလူ……………
တစ်ဖက်ပျက်နေတဲ့ ခုံဖိနပ်လိုစကားတွေနဲ့
ဦးနှောက်ကို ကိုယ်ဝန်ဆောင်ခိုင်းတယ်
အမျှင်ဓာတ်နည်းတဲ့ "ဥ"တစ်လုံးအတွက်
သူဖတ်ပြနေတဲ့စာက အချစ်ရေးဖြစ်တယ်………!

ထိုလူ……………………
အဖန်တစ်ရာမက ထိုးနှက်နေမယ်တဲ့
ရိုးရိုးသတ်လည်း သေတဲ့ခေတ်မှာ
မာယာဆိုတဲ့ လက်နက်ဆိုးကိုသုံးတယ်
သူဖုံးကွယ်ထားတဲ့ အရည်အချင်းက
ဘုန်းကြီးတွေအတွက် ဗုံးထောင်ဖို့သက်သက်…

ထိုလူ…………………
အသွင်မတူသူတွေရဲ့လက်ကိုဖြတ်တယ်
အတ္တတွေကို ငယ်ထိပ်မှာစု
နားမလည်တဲ့ ဘာသာစကားတွေနဲ့
ဆရာကျချင်တဲ့စိတ်ဓာတ်တွေ
အချဉ်ပေါက်ကုန်တယ်…………!

လက်တစ်စစ်သာသာ အာဏာနဲ့
ကဗျာနဲ့လောကကို သတ်ဖို့စီရင်
အကြံအဖန် လုပ်ဇာတ်တွေခင်းပြီး
အပြစ်မကင်းတဲ့ သူ့ရုပ်ကိုကြည့်မိတိုင်း
ငါ့မျက်ဝန်းတွေ အံဖတ်ဆို့လာတယ်…………!

ထိုလူ………………………
တောင်ရှည်ဝတ်ပြီး စကားကိုသကာလိမ်းတယ်
ဘောင်မဝင်တဲ့ ပြက်လုံးအတုတွေသုံးပြီး
ခေါင်းမရှိတဲ့ ငတုံးတွေကို ထိပ်ကွက်
ရွှေသားမီးလျှံထဲမှာ အကျဉ်းကျငရဲခံချင်သူ
ထိုလူဟာ အစွယ်ဖွေးဖွေးနဲ့ ဘီလူးဧကန်ပဲ……!

သိက္ခာမဲ့သော…………………
အကြောက်တရားမဲ့သော………………
စာနာစိတ်မဲ့သော………………
သို့လော…သို့လောနဲ့
ကျုပ်ရဲ့စိတ်ကိုပါ
အချဉ်ပေါက်သွားတယ်။ ။

မင်းသုဝေ-စိန်ပန်းမြေ

စတုဂံလွင်ပြင်Where stories live. Discover now