~ .. ရစ်​နွယ်​ခြင်း .. ~

2.9K 382 47
                                    

"​ဂျောင်​ဆူး.. ရား...
ဒီပန်းကန်​ကြီးက.. ဘာလို့ ပြားပြားကြီး ဖြစ်​​နေရတာလဲ.."

ပန်းခက်​နီနီ​လေး​တွေ.. အလှခြယ်​ထားတဲ့.. ပန်းကန်​ပြား​ပေါ်မှာ.. လက်​ညိုး​လေး​ထောက်​ကာ.. ​ထောက်​ကာ.. ကစားရင်း.. သူ့ကို ​ကျော​ပေးပြီး ဒယ်​အိုးတစ်​လုံးနဲ့ အလုပ်​ရှုပ်​​နေတဲ့ ဒို​ဂျောင်​ဆူးအား.. အ​မေးအစမ်း ပြု​လေ​သော.. ဂင်​ဂျုံအင်​.. ။

သူ့အ​မေးကို.. ​​ဂျောင်​ဆူးက.. မကြားချင်​​ယောင်​​ဆောင်​သည်​လား တကယ်​ပဲ မကြားတာလား​တော့မသိ.. ။ ၀က်​၀ံညိုက.. သူ့ကို အဖက်​မလုပ်​ရရန်​​ကော ဆိုတဲ့ ပုံစံမျိုးနဲ့.. နှုတ်​ခမ်းစပ်​​လေးက ခပ်​မဲ့မဲ့ ဖြစ်​လာသည်​..

" ​ဟိ​ရောင်​ကြီးလို့!!
ဘာလို့ ခရင်းက​ရော.. အချွန်​​လေး​ချောင်းပဲ ပါရတာလဲ.. "

သူမြင်​သမျှ​ အရာရာစပ်​စုလို​သော.. ၀က်​၀ံညိုက.. အခုမှ.. ကမ္ဘာ​မြေကို.. ​ရောက်​ဖူးသည့်​ဟန်​.. နားရွက်​တ​ထောင်​​ထောင်​နဲ့.. ဟိုပြူးကြည့်​.. သည်​ပြူးကြည့်​ လုပ်​​နေပြန်​သည်​.. ။ ​ဂျောင်​ဆူးက.. အဖက်​​တောင်​ မလုပ်​သည်​မို့.. မျက်​​မှောင်​ကုတ်​ကာ.. သူ့မျက်​စိ​ရှေ့က..ခက်​ရင်းကို ကိုင်​ပြီး ခုန ပန်းကန်​ပြားအား.. နားငြီးဖွယ်​.. တဂျိဂျိ ခြစ်​​လေပြန်​သည်​.. ။

" တကယ်​ဆို.. စားပွဲခုံ​တွေက.. တြိဂံပုံ ဖြစ်​သင့်​ပြီး.. ​ခြေ​ထောက်​သုံး​ချောင်းပဲ ရှိရင်​.. ပိုပြီး အကုန်​အကျမသက်​သာနိုင်​ဘူးလား.. "

" ​ဟေ့.. ​ဟေ့.. သွားနဲ့မကိုက်​နဲ့​နော်​.. "

စာရွတ်​သလို.. တဖွဖွရွတ်​ရင်း.. သစ်​သားခုံကို .. သွားနဲ့ ကိုက်​ကြည့်​မယ့်​ဟန်​ လုပ်​​နေသည့်​.. ဂျုံအင်​​ကို ​ဂျောင်​ဆူး.. ဒယ်​အိုးထဲ နို့ထည့်​မွှေရင်း.. ဖြတ်​ခနဲ မြင်​လိုက်​ရတာမို့.. ဂတ်​စ်​မီးဖိုကို ပိတ်​ရင်း.. လှမ်းဟန့်​လိုက်​​တော့.. ဖြတ်​ခနဲ.. ဆူပုတ်​သွားသည့်​ ၀က်​၀ံညိုက.. သူလုပ်​ချင်​တာ မလုပ်​ရ၍.. အ​နေအထားက.. စူတူတူ.. ။

" ငြိမ်​ငြိမ်​​နေ! "

နား​​တွေရောငြီး မျက်​စိ​တွေပါ​နောက်​လာသည်​မို့.. ​အော်​လိုက်​​သော်​ငြား.. တ​အောင့်​ကြာသည်​ထိ.. ဂျုံအင့်​ဆီက.. ဘာသံမှ မကြားရ​တော့တာမို့.. ​ဂျောင်​ဆူး.. စိုးရိမ်​စိတ်​နဲ့ လှည့်​ကြည့်​မိ​တော့..

" Hideous~ "حيث تعيش القصص. اكتشف الآن