Episode.13

1.3K 108 28
                                    

Soo - " heyy!! Tiff ! wait "

Sooyoung သူ့ကို မစောင့်ဘဲ ဆိုင်ထဲ အတင်းဝင်သွားတဲ့ Tiffany ကို ခေါ်ပြီး နောက်ကနေ မြန်မြန်လိုက်လာရလေသည်။
ဘယ်အကြောင်းတရားတွေက သူမရဲ့ခြေလှမ်းကို မြန်ဆန်သွားစေတာပါလိမ့်။

Fany - " Tae Tae 😊 "

ခေါ်သံကြောင့် မော့ကြည့်လိုက်တော့ သူသိပ်ချစ်ရတဲ့
Tiffany…! Taeyeon တစ်ယောက် ရယ်နေရာမှ ရပ်သွားပြီး တံတွေးမျိုချလိုက်ကာ စကားတို့ အထစ်ထစ်အငေါ့ငေါ့ဖြင့်

Tae - " Fan…Fany !😨😨 ဒီ~~ဒီကို ဘယ်.လို.ရောက်လာတာလဲ.?😰 "

Tiffany…Jessica ကို မသိမသာ လှမ်းကြည့်လိုက်တော့ သူမက ညှိုးနွမ်းသွားတဲ့ မျက်နှာလေးနဲ့ coffee ခွက်ကိုသာ ငုံ့ကြည့်နေလေသည်။

Fany - " omm!! coffee ဆိုင်လာမှတော့ coffee လာသောက်တာပေါ့ Tae Tae ရဲ့ ဒီဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာလေ Fany အလုပ်က
Fany ကို မထိုင်ခိုင်းတော့ဘူး ထင်တယ်နော် Sica ya 😊"

Tiffany အလှပဆုံးအပြုံးနဲ့အတူ Taeyeon ရဲ့ အမေးကို ပြန်ဖြေလိုက်တယ်။သူမ အစကတော့ ဒေါသတွေနဲ့ Taeyeon ကို ရန်ရှာဖို့ပါပဲ။ဒါပေမဲ့ သူမအတွေးတွေ ပြောင်းပြန်ဖြစ်သွားရလေသည်။
Jessica နှလုံးသား နာကျင်ဖို့ အတွက်က Taeyeon ကို အချိုသတ်မှ ဖြစ်မှာလေ။

Sica - " ဟုတ်သားပဲ Taengoo ya ! ဟိုက မတ်တပ်ကြီး ရပ်နေရတယ် "

Tae - " aww…imm ထိုင်..ထိုင်လေ "

Taeyeon အစကတော့ Tiffany ကို မြင်လိုက်ရတော့ သူ့ကို စိတ်ဆိုးဒေါသထွက်မှာ ကြောက်ပြီး လန့်သွားခဲ့ပေမဲ့ ခု Tiffany ပုံစံက ပြုံးပြုံးရွှင်ရွှင်ပဲမို့ စိတ်အေးသွားရလေသည်။

Tiffany…စိတ်ထဲမပါပေမဲ့လဲ အစွမ်းကုန် ပြုံးထားပြီး Taeyeon ဘေး ဝင်ထိုင်လိုက်သည်။

Soo - " Tiff !! နင် ဘာတွေ အဲ့လောက်တောင် အလျင်လိုနေတာလဲ.? humh ပြောပါအုံး ငါ့ကို မစောင့်နိုင်တဲ့ အကြောင်းပြချက်လေး😒 "

Sooyoung ပြောလဲပြော ခပ်တည်တည်နှင့်ပင် Jessica ဘေး ဝင်ထိုင်လိုက်သည်။

Tiffany…Taeyeon လက်မောင်းကို သူမလက်နဲ့ ချိတ်လိုက်ပြီး …

Fany - " mianae Soo!😁 ငါ့ Tae Tae လေးကို မြင်လိုက်လို့ နင့်ကို မေ့သွားတယ် "

LOVE is PAIN!Where stories live. Discover now